Part.8

7.5K 135 0
                                    

Unicode

''မြေးလေး မြေး...အိမ်ကိုဘယ်သူရောက်နေလဲလာကြည့်ဦး''

အခန်းအပြင်ဘက်ကအဖွားအသံကြောင့်နှောင်းမှေးခနဲအိပ်ပျော်နေရာမှလန့်နိုးသွားရ၏။

နှောင်းချက်ချင်းပဲအိပ်ရာကထပြီးအခန်းတံခါးဖွင့်ပေးလိုက်တော့ ဖွားဖွားက

''အိပ်နေတာလားမြေး''

''ဟုတ်ဖွားဖွား ရင်ထဲနေလို့သိပ်မကောင်းလို့''

''ဟုတ်လား အတော်ပဲ လာမြေး''

ဖွားဖွားကသူမလက်ကိုဆွဲကာအောက်ထပ်သို့ခေါ်လာခဲ့လေသည်။

အောက်ထပ်ရောက်တော့ဖွားဖွားက

''မြေး ဟိုမှာဘယ်သူလဲကြည့်စမ်း''

နှောင်း ဧည့်ခန်းထဲမှာထိုင်နေသောသူဆီအကြည့်ပို့လိုက်တော့

''ဟာ ကိုကြီးတေဇ''

နှောင်းချက်ချင်းပဲသူ့ထံသို့ပြေးသွားတော့ဖွားဖွားရောသူရောကအူယားဖားယားဖြင့်

''အမလေး ဖြေးဖြေးသွားပါ မပြေးရဘူးလေ''

''ဟုတ်သားပဲနှောင်းရယ် ခုချိန်ကအစစအရာရာဂရုစိုက်ရမယ့်အချိန်လေ''

''ကိုကြီး သိပြီးပြီလား''

''အင်း သိပြီးပြီ လာထိုင်''

နှောင်းသူ့ဘေးမှာဝင်ထိုင်တော့ဖွားဖွားကသူမတို့နဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်သည်။

''အဲဒါသာကြည့်တော့ ဒီကလေးကခုထိကပျက်ကချော်နဲ့''

''ဖွားဖွားကလည်း''

တေဇကပြုံးလိုက်ပြီးမှ

''နှောင်း အခုဘယ်လိုနေသေးလဲ နေရတာရောအဆင်ပြေလား''

''ပြေပါတယ် ရင်ထဲမှာနည်းနည်းလေးပဲနေလို့မကောင်းတာ ကိုကြီးရောဘယ်လိုလဲ နှလုံးအထူးကုဌာနရဲ့နံပါတ်တစ်ဆရာဝန်ကြီးဆိုတော့အလုပ်တွေမအားဖြစ်နေမှာပဲနော် အိမ်ကိုတောင်မှမလာတာကြာပေါ့''

''ဒီကောင်မလေးကတော့လူကိုတွေ့ရင်စောင်းမယ်ချိတ်မယ်ပဲ''

''ကဲ ကလေးတွေစကားပြောကြဦး ဖွားဖွားနေ့လည်စာသွားပြင်ဦးမယ် ပြီးရင်ထမင်းတူတူစားကြမယ်''

ဆန်းကြယ်သောချစ်ခြင်းဋီကာ[completed]Where stories live. Discover now