Part.15

8.7K 144 0
                                    

Unicode

နှောင်းသတိပြန်ရလာချိန်မှာသူမကအခန်းထဲပင်ပြန်ရောက်နေပြီ။

''မမလေး သတိရပြီလား''

''ယုယ ဦးသျှံနဲ့ဖွားဖွားရော''

''အောက်ထပ်မှာရဲတွေနဲ့စကားပြောနေတယ်''

''ရဲတွေ''

''အင်း အစ်ကိုကြီးကရဲကိုတိုင်ချက်ဖွင့်လိုက်တာ''

နှောင်းအိပ်ရာကနေအားယူကာထတော့ယုယကသူမအားတွဲထူပေးလေ၏။

''မမလေးဘာလုပ်ချင်လို့လဲ လှဲနေတာမဟုတ်ဘဲနဲ့''

''နှောင်းအခြေအနေကိုသိချင်လို့ပါ''

''ယုယတွဲကူပေးမယ်နော်''

''အင်း''

ယုယကသူမကိုတွဲကာအခန်းထဲကခေါ်လာပေးလေ၏။
သူမတို့အောက်ထပ်ရောက်တော့ရဲတွေကအိမ်ပေါက်ဝတောင်ရောက်နေပြီပင်။

''ကျွန်တော်စိတ်ချမယ်နော် ကျွန်တော်တို့ကိုအနှောက်အယှက်ပေးပြီးဒုက္ခပေးချင်နေတဲ့သူကိုရအောင်ဖမ်းပေးပါ''

''ဟုတ်ကဲ့ပါ စိတ်မပူပါနဲ့ ကျွန်တော်တို့ဘက်ကခြိမ်းခြောက်သူကိုမရရအောင်ရှာပေးပါမယ်''

''ဟုတ်ကဲ့''

ရဲတွေအိမ်ထဲကထွက်သွားသည်နှင့်နှောင်း ဦးသျှံနဲ့ဖွားဖွားနားသွားကာ

''ဖွားဖွား''

''မြေး နိုးပြီလား ဘယ်လိုနေသေးလဲ''

''သက်သာပါတယ် ရဲတွေကဘာတဲ့လဲ''

''လာ ဧည့်ခန်းထဲအရင်သွားရအောင်''

ဖွားဖွားနဲ့ဦးသျှံကသူမအားဧည့်ခန်းထဲခေါ်လာလေ၏။

''ထိုင်မြေး''

ဦးသျှံက

''ရဲတွေက နှောင်းမှာရန်သူရှိလားမေးတယ် ပြဿနာတက်ထားသူတို့ဘာတို့ပေါ့''

''ဦးသျှံဘာပြောလိုက်လဲ''

''နှောင်းနဲ့ပြဿနာဖြစ်ဖူးတဲ့သူကလသာသာပဲရှိတာလေ အဲတော့ကိုယ်လည်းသူလို့ပြောလိုက်တာပေါ့''

''အဲဒါတော့သိသားပဲနော်''

ဒေါ်စန်းမြရီကစကားဖြတ်၍

ဆန်းကြယ်သောချစ်ခြင်းဋီကာ[completed]Where stories live. Discover now