Part.16

3.1K 61 0
                                    

Unicode

''အေး ပြီးတာပဲ ငါခိုင်းတာသေချာလုပ်နော် သူတို့နှစ်ယောက်လုံးထိခိုက်သွားရင်ရပြီ ဒါပဲ''

လသာသာဖုန်းချပြီးတာနဲ့အခန်းထဲဝင်လာတဲ့ဟေမာန်က

''လသာ နင်ဘယ်သူ့ကိုဘာခိုင်းနေတာလဲ''

''နင်နဲ့မဆိုင်ပါဘူး''

''လသာ နင်ဘာမဟုတ်တာတွေလုပ်နေတာလဲ''

''နင်နဲ့မဆိုင်ဘူးလို့ပြောနေတယ်လေ''

''ဆိုင်တယ် နင်ကငါ့သူငယ်ချင်း နင်မဟုတ်မှ ကိုသျှံနဲ့ရီဝေနှောင်းကိုဒုက္ခပေးဖို့ကြံနေတာလား''

သူမကဘာမှမပြော၍ဟေမာန်ကသူမပုခုံးနှစ်ဖက်ကိုကိုင်ကာ

''လသာ နင်အခုချက်ချင်းရပ်လိုက်နော် သူတို့ကိုဒုက္ခပေးတော့ရော နင်ဘာပြန်ရမှာမို့လို့လဲ''

''ငါပျော်ရတယ်လေ''

''နင်အရူးပဲ သူများကိုဒုက္ခပေးပြီးနင်ကတော့ပျော်ရမယ်ထင်တယ်ပေါ့ အဲဒါဆိုနင်မှားနေပြီလသာသာ''

''ငါမပျော်ရလည်းကိစ္စမရှိဘူး သူတို့တွေမပျော်ရရင်ကိုရပြီ''

ဟေမာန်ကလသာသာပုခုံးပေါ်ကသူမလက်တွေကိုဖြုတ်ချကာ

''နင့်ကိုငါတော်တော်စိတ်ပျက်မိတယ်လသာသာ နင်ကငါထင်ထားတာထက်ကိုပိုပြီးယုတ်မာနေတယ်''

''ဟုတ်တယ် ငါကယုတ်မာတယ် အဲဒါဆိုငါ့ချစ်သူကိုလုသွားတဲ့ဟိုမိန်းမကရော''

''ချစ်သူဆိုတာကြီးကများတာပေါ့ နင်နဲ့သူဘယ်တုန်းကချစ်သူဖြစ်ခဲ့လို့လဲ''

''ဘာ!''

''ငါပြောတာကိုမနာနဲ့လသာ နင့်ကိုယ်နင်ပြန်ဆန်းစစ်ကြည့်ဦး အခုနင်ကမိန်းမယုတ်နဲ့ဘာမှမခြားဘူး သူများအိမ်ထောင်ကိုဖြိုခွဲ သူများယောကျ်ားကိုလုပြီး သူများကိုဒုက္ခပေးချင်နေတာ''

''အခုသူတို့ကဘာမှမသက်ဆိုင်တော့ဘူး''

''နင်ထင်လို့လား အခုသူတို့မှာကလေးရနေပြီ သူတို့ပြန်မပေါင်းဘူးလို့နင်ပြောနိုင်လား ငါနင့်ကိုသိပ်စိတ်ပျက်တာပဲ ငါနင်နဲ့သူငယ်ချင်းဆက်မလုပ်ချင်တော့ဘူး''

ဆန်းကြယ်သောချစ်ခြင်းဋီကာ[completed]Where stories live. Discover now