Unicode
နောက်နေ့မှာလည်းနှောင်း မုန့်တွေဝယ်ပြီးဦးသျှံဆီသို့ရောက်လာခဲ့၏။
''ဦးသျှံ နှောင်းမုန့်တွေဝယ်လာတယ်''
''ဘာလို့အလုပ်ရှုပ်ခံပြီးဝယ်လာတာလဲ ပြီးတော့မင်းကိုငါ့ဆီမလာနဲ့လို့ပြောထားတယ်မလား''
''ဒါပေမယ့်...''
ထိုစဥ်
''ကိုသျှံ''
အသံနဲ့အတူဦးသျှံထက်နည်းနည်းပဲငယ်မယ်ထင်ရသောအမျိုးသမီးကအခန်းထဲဝင်လာပြီးမှနှောင်းနဲ့မျက်နှာချင်းဆိုင်ကနေရာမှာဝင်ထိုင်၍ဦးသျှံလက်ကိုကိုင်ကာ
''ကိုသျှံရယ် ဘယ်လိုဖြစ်ရတာလဲ အခုကရောသက်သာလားဟင်''
''သက်သာပါတယ်လသာ''
''နောက်ဆိုကားကိုသတိထားပြီးမောင်းနော် သတင်းကြားကြားချင်းလသာအရမ်းစိတ်ပူသွားတာ''
ထိုမိန်းမကနှောင်းကိုကြည့်လာပြီးမှ
''သူက...''
''အသိပါ''
သူမနဲ့ဆိုစကားကိုခပ်ပြတ်ပြတ်ပြောတတ်တဲ့ဦးသျှံကဒီမိန်းမနဲ့ကျတော့ချိုမြနေလိုက်တာများ။
အဲ့မိန်းမကလည်းဘာထူးလဲ။အသံကိုကရုံးပတီသီးသံနဲ့။ဦးသျှံကိုလည်းအမြင်ကပ်လိုက်တာ။သူ့လက်ကိုကိုင်ထားတဲ့ဟိုမိန်းမလက်ကိုဖယ်မပစ်ဘူး။
ပြီးတော့နှောင်းကိုဆိုပြာကျမတတ်ကြည့်ပြီးဒီမိန်းမကိုကျမှရွှန်းရွှန်းစားစားကြည့်ပြီးပြုံးပြနေသေးတယ်။''နှောင်းပြန်တော့မယ်ဦးသျှံ''
''အင်း နောက်ရက်လည်းတကူးတကအလုပ်ရှုပ်ခံပြီးလာမနေပါနဲ့''
နှောင်းလက်သီးလေးကိုခပ်တင်းတင်းဆုပ်၍
''ပြီးရော''
ဟုဆိုကာနေရာမှလှည့်ထွက်ခဲ့တော့သည်။
နောက်ပါးဆီမှ
''သူကတစ်ကယ်ကိုသျှံ့အသိရောဟုတ်ရဲ့လား''
''တစ်ကယ်ပါ အသိဆိုတာတောင်မကောင်းတတ်လို့ပြောတာ အလကား အရှုပ်ထုပ်မလေးပါ စိတ်ထဲထားမနေနဲ့''
YOU ARE READING
ဆန်းကြယ်သောချစ်ခြင်းဋီကာ[completed]
Roman d'amourအိမ်ထောင်တစ်ခုပြိုကွဲသွားပြီမှအချစ်တွေအသက်ဝင်လာတဲ့အခါ