Part.13

3.3K 69 0
                                    

Unicode

ဦးသျှံကဖွားဖွားမရှိတဲ့အချိန်အလစ်ဖမ်းပြီးသူမဆီသို့ရောက်ရောက်လာတတ်၏။
အခုလည်းသူမရေချိုးခန်းကချော်နေ၍သူမချော်လဲမည်စိုးတာကြောင့်အခင်းတွေလာခင်းပေးနေပြန်ပြီ။

''အဲလောက်ထိလုပ်ပေးဖို့မလိုပါဘူး ကိုယ့်ဘာသာဂရုစိုက်နိုင်ပါတယ်''

''ဘာလို့မလိုရမှာလဲ မတော်တဆဆိုတာအချိန်မရွေးဖြစ်နိုင်တယ် ပြီးတော့ဒီနေ့ကစပြီးတစ်ယောက်တည်းအပြင်မထွက်ရဘူး အရင်တစ်ခါလိုဖြစ်မှာစိုးတယ် နောက်တစ်ခါဆိုပထမတစ်ခါလိုကံကောင်းပါ့မလားမပြောနိုင်ဘူး''

နှောင်းကဘာမှဆက်မပြောဘဲရေချိုးခန်းရှေ့ကထွက်ခဲ့လိုက်ပြီးကုတင်မှာလာထိုင်နေလိုက်သည်။

''အခုကျမှလာပလီနေတယ်''

ထိုစဥ်အိပ်ရာပေါ်ကသူမဖုန်းလေးကမြည်လာ၍နှောင်းယူကြည့်လိုက်တော့ကိုကြီးဖြစ်နေ၍နှောင်းဝမ်းသာအားရနဲ့ဖုန်းကိုင်ကာ

''ဟဲလိုကိုကြီး နားချိန်လား''

''နားချိန်မဟုတ်ဘူးနားရက် အခုနှောင်းဆီလာမလို့ လမ်းမှာရောက်နေပြီ နှောင်းဘာစားချင်သေးလဲလို့လှမ်းမေးတာ ကိုကြီးဝယ်ခဲ့ပေးမလို့''

''လူပဲလာခဲ့ပါ နှောင်းကပြန်ပြီးဧည့်ခံမယ်ဟုတ်ပြီလား ကိုကြီးနေ့လည်စာမစားခဲ့သေးဘူးမလား''

''အင်း နှောင်းဆီရောက်မှစားမလို့ ထမင်းဟင်းတွေပိုလျှံရဲ့လား''

''ကိုကြီးသာမြန်မြန်လာခဲ့ပါ ​နှောင်းလည်းနေ့လည်စာမစားရသေးဘူး''

''ဟုတ်ပြီ နော်ထပ်ဆယ်မိနစ်ပဲစောင့်''

''ok''

နှောင်းဖုန်းချပြီးတော့ဦးသျှံကသူမနားရောက်လာကာ

''ဟိုကောင်လား''

''အင်း''

''အိမ်ကိုလာမလို့တဲ့လား''

''ဟုတ်တယ် ရှင်ပြန်ချင်ရင်ပြန်လို့ရတယ်နော်''

''ဘာလို့ပြန်ရမှာလဲ မပြန်ဘူး''

''သဘောပဲ''

ပြောပြီးနှောင်းလည်းအခန်းထဲကထွက်လာခဲ့လိုက်လေသည်။

ဆန်းကြယ်သောချစ်ခြင်းဋီကာ[completed]Where stories live. Discover now