Unicode
သူတို့အားလုံးရဲစခန်းမှာထွက်ဆိုချက်ပေးအပြီးအပြန်တွင်ဆေးရုံသို့ဝင်ခဲ့ကြ၏။
ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေအပေါ်မှာယုယကအရမ်းလန့်သွားတဲ့အပြင်ခေါင်းမှာလည်းဒဏ်ရာရသွားတာကြောင့်ပါ။''ရရဲ့လားယုယ ဖြည်းဖြည်းလျှောက်''
''ယုယဘာမှမဖြစ်ပါဘူးမမလေးရယ် မမလေးသာအိမ်ပြန်ပြီးနားပါ မပေါ့မပါးကြီးနဲ့''
''ငါကဘာမှမဖြစ်ပါဘူး ဘာမှထိခိုက်မသွားဘူး''
''ဘာပဲဖြစ်ဖြစ်မမလေးကိုကျေးဇူးတင်ပါတယ် ယုယဆီရောက်လာပေးလို့''
နှောင်းသူမအားပြုံးပြလိုက်၏။
ယုယဆိုတာသူမအတွက်ညီအစ်မလိုလည်းဟုတ်သလိုသူငယ်ချင်းလိုလည်းဟုတ်သည်။
တစ်လောကလုံးသူမဘက်မရှိမနေရင်တောင်ယုယတစ်ယောက်ကတော့သူမဘက်မှာရှိနေပေးမယ့်သူပင်။အဲ့အတွက်သူမကလည်းခုလိုပြန်လုပ်ပေးရမှာပေါ့။
သူတို့ဆေးရုံမှာယုယကိုစစ်ဆေးကာဆေးကုပေးစရာရှိတာလည်းကုပေးပြီးအိမ်သို့ပြန်လာခဲ့ကြ၏။
သူတို့အိမ်ပြန်ရောက်သည်နှင့်နှောင်းက
''ဦးသျှံအိမ်ပြန်လို့ရပြီနော်''
''ဟမ်''
''ဟုတ်တယ်လေ အခုအန္တရာယ်ပေးမယ့်သူလည်းမရှိတော့ဘူး ဘာပြဿနာမှလည်းမရှိတော့ဘူး အဲတော့စောင့်ရှောက်ပေးမယ့်သူလည်းမလိုတော့ဘူး''
သျှံသူမလက်ကိုဆုပ်ကိုင်လိုက်ပြီး
''နှောင်း ကိုယ့်ကိုပြန်လက်ခံပါတော့လား နော်ကလေး''
''ဘာ ဘာရယ် ဘာဖြစ်တယ် ဘယ်လိုခေါ်လိုက်တယ်''
''ကလေးလို့ခေါ်လိုက်တာလေ''
''မခေါ်နဲ့ အရှက်ကိုမရှိဘူး''
''ဟုတ်တယ် နှောင်းနဲ့ပတ်သက်ရင်ကိုယ့်မှာအရှက်လည်းမရှိတော့ဘူး မာနလည်းမရှိတော့ဘူး နှောင်းကိုယ့်ကိုဘာလုပ်စေချင်လဲ ကိုယ်အကုန်လုပ်ပေးပါမယ်''
''အဲဒါကြောင့်ပြန်လို့ပြောနေတာလေ အဲဒါနှောင်းလုပ်စေချင်တာပဲ''
YOU ARE READING
ဆန်းကြယ်သောချစ်ခြင်းဋီကာ[completed]
Romanceအိမ်ထောင်တစ်ခုပြိုကွဲသွားပြီမှအချစ်တွေအသက်ဝင်လာတဲ့အခါ