Part.17

8.7K 128 0
                                    

Unicode

ဟေမာန်တို့အိမ်ထဲတွင်ရဲတွေနဲ့ရပ်ကွက်လူကြီးတစ်ချို့ရောက်ရှိနေလေ၏။

သူတို့သမီးကသွေးရိုးသားရိုးဆုံးပါးသွားတာမဖြစ်နိုင်ဘူးဆိုပြီးဟေမာန့်မိဘတွေကသူတို့သမီးရက်လည်အပြီးမှာရဲစခန်းမှာတိုင်ချက်ဖွင့်လိုက်ခြင်းပင်။

''ကျွန်မသမီးလေးကလူချစ်လူခင်လည်းပေါပြီးရပ်ကွက်ထဲကလူတွေနဲ့လည်းလိုက်လျောညီထွေနေတတ်ပါတယ် ကျွန်မတို့မှာရန်သူဆိုတာလည်းမရှိပါဘူး''

''သူ့မှာရန်သူမရှိတာရောဟုတ်ရဲ့လား အန်တီတို့မသိနိုင်တဲ့အရာတွေသူဆီမှာရှိချင်ရှိနေနိုင်တာပဲလေ ဥပမာမိတ်ဆွေသူငယ်ချင်းတွေထဲကသူနဲ့အဆင်မပြေတဲ့သူမျိုးပေါ့''

''သေချာပါတယ် ကျွန်မသမီးကသူငယ်ချင်းတောင်မှတစ်ယောက်တည်းထားတာ သူနဲ့အဆင်မပြေတဲ့သူရှိစရာအကြောင်းမရှိပါဘူး''

''ဟုတ်ပါပြီ ကျွန်တော်တို့ရပ်ကွက်ထဲကအိမ်တွေကိုလိုက်ပြီးမေးမြန်းလိုက်ပါဦးမယ်''

​ပြောပြီးသည်နှင့်ရဲတွေနဲ့ရပ်ကွက်လူကြီးတွေကအိမ်ထဲကထွက်သွားလေ၏။

ရဲတွေကလမ်းထဲမှာရှိတဲ့အိမ်တွေအားလိုက်လံမေးမြန်းပြီးတီးခေါက်နေတုန်းမှာပဲသျှံနဲ့နှောင်းတို့ကဟေမာန်တို့အိမ်သို့ရောက်လာလေသည်။

''ဖြည်းဖြည်းဆင်းနှောင်း''

ဦးသျှံကသူမဘက်ကတံခါးကိုလာဖွင့်ပေးပြီးကူတွဲပေးလေ၏။

သူတို့ခြံတံခါးအသင့်ဖွင့်ထားသောဟေမာန်တို့အိမ်ထဲဝင်ခဲ့တော့ငိုသံတွေကိုအရင်ကြားလိုက်ရသည်။

''ကျွန်မသမီးလေးအဖြစ်ဆိုးလိုက်တာ ကျွန်မရင်တွေနာလိုက်တာရှင်''

သျှံနဲ့နှောင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးမှအိမ်ထဲသို့ဝင်ခဲ့လိုက်လေ၏။

''ဦးလေးနဲ့အန်တီ''

ဟေမာန့်မိဘတွေကသူတို့အားမော့ကြည့်လာပြီး

''ဪ မောင်ကောင်းပြည့်သျှံ လာလေ''

သူဟေမာန်ရက်မလည်ခင်ကနာရေးသတင်းလာမေးဖူး၍ဟေမာန့်အမေကသူ့အားသိနေခြင်းပင်။

ဆန်းကြယ်သောချစ်ခြင်းဋီကာ[completed]Where stories live. Discover now