Part-1

60 3 0
                                    

နွေရာသီကျောင်းပိတ်ရက်မှာ
စားလိုက်၊အိပ်လိုက်၊ ဂိမ်းဆော့လိုက်နှင့်
ကုန်ဆုံးခဲ့သည်။
၆လပိုင်း၁ရက်နေ့ဆို ကျောင်းတွေ
ပြန်ဖွင့်ပြီ သူငယ်ချင်းတွေနဲ့
တွေ့ရမှာကြောင့် ပျော်နေပေမဲ့
G-10ဆိုတဲ့ အတန်းဟာ
ဖြိုးဖြိုးပိုင်ဆိုတဲ့ ကျွန်မ အတွက်တော့
‌စိတ်လှုပ်ရှားစရာပါ ။

ကျူရှင် မတက်ဖြစ်သဖြင့်
G-10စာတွေကို နားလည်မယ် မထင်
ကျောင်းဖွင့်ချင်ပေမဲ့
မဖွင့်ချင်ပြန်ဘူး ။

ဖြိုးက တစ်ဦးတည်းသော သမီး
ဖြစ်သည့်အတွက် မိဘတွေ ရဲ့
အလိုလိုက်ခြင်းကို
ကောင်းစွာ ရခဲ့သည်။

"ဖြိုးဖြိုးပိုင်ရေ.....ရေခဲသေတ္တာ
မပိတ်ခဲ့ပြန်ဘူး မေ့တတ်တာ လွန်ပါလေရော"

မိတာ မိခင်ရဲ့ စကားကြောင့်
အလျှင်အမြန်ပင် ရေခဲသေတ္တာကို
ထ ပိတ်ရသေးသည်။

"ညဉ်းမလဲအေ မေ့တတ်လိုက်တာ
အသက်ကြီးသွားရင်ရော ‌
ငါတို့ကို မေ့သွားရင် ဒုက္ခ"

စိတ်ထဲ အရေးမကြီးဘူးထင်ရင်
မေ့တတ်တာဟာလည်း ဖြိုးအကျင့် 
ဒါကြောင့် မိတာမိခင်နဲ့  အမြဲဖြစ်နေကျ
အရာတစ်ခုကို ဖြစ်နေသည်။

"ဟီးးးး မမေ့ပါဘူး အမေ့ကလဲ"

အဖေက ကျောက်ရောင်း၀ယ်
လုပ်ငန်းကို လုပ်ကိုင်သည်။
ဒါကြောင့် ၁လ တစ်ခါ
အဖေဟာခရီးထွက် ဖြစ်သည်။

အဖေခရီးထွက်ရင်တော့
ဘွားဘွားရယ်၊အမေရယ်၊ ဖြိုးရယ်ပဲ
ကျန်ခဲ့ရလေ သည်။

မနက်ဖြန်ဆို ကျောင်းတွေ ပြန်ဖွင့်ပြီမို့
ဖြိုး စိတ်လှုပ်ရှားလို့နေသည်
အမေက တော့ လွယ်အိတ်ထဲ
ပစ္စည်းတွေ အကုန်စုံအောင်ထည့်ပေးနေသည်။

"အမေ ရယ်  မသိရင် သမီးက
အခုမှ မူကြို စ တက်မဲ့ ကလေးကျနေတာပဲ
သမီးဘာသာ ထည့်လို့ ရပါတယ်"

" အမယ်လေး  မနက်ကျ
ပြာယာ ပြာယာ နဲ့ အကုန်မေ့တာ
အဲ့တာကြောင့် သေချာ ထည့်ပေးနေရတာ"

ဟုတ်ပါသည် ကျောင်းသွားတိုင်း
ပစ္စည်း မစုံလို့ သူငယ်ချင်းတွေဆီက
ငှားရတာလည်း ခနခန ပင်ဖြစ်သည်။

ပိုင့်ရဲ့ မိုးစက်လေးWhere stories live. Discover now