Part-3

39 4 1
                                    

ပြည့် အိမ်ပြန်ရောက်တော့
စာလုပ်စရာရှိတာ လုပ်ပြီး
မမ အခန်းကိုသွား ဖြစ်တယ်။

ဘာကြောင့်လဲဆိုရင်
ဒီလို ည အိပ်ခါနီးတိုင်း ကျောင်းရဲ့
တစ်နေ့တာ အဖြစ်အပျက်တွေကို
ပြောပြ‌လေ့ရှိသည်။

အခန်းတံခါးကို နှစ်ချက်မျှသာ
ခေါက်၍ ၀င်လိုက်သည်။
မမက စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။

"မမ ..."
ပြည့် ခေါ်သံမှ မမက ပြောပါအုံးဆိုတဲ့
အကြည့်နဲ့ ‌ပြည့်ကို ကြည့်သည်။

ပြည့်လေး ဝတီလေး ခိုက်မိတာကနေ
ဟိုကလေးမ အကြောင်းပါ
ထည့်ပြောလိုက်သည်။

မမက သေချာ နားထောင်၍
"ဒါ‌ဆို အဲ့ဒီကလေးမကို
မမ တို့ ကျေးဇူးတင်ရမယ်ထင်တယ်"

ပြည့်ပြည့် ပြောပုံအရဆိုရင်
အဲ့ဒီကလေးမက စိတ်ထားကောင်းတာပဲ။

"ဟုတ်တယ် မမရဲ့
ပြီးတော့လေ.."
ပြည့်မှာ မမကို ပြောဖို့ တုန့်ဆိုင်းနေသည်။

"‌ပြီးတော့ ...."
ပြည့်ပြည့်က စကားကို ပြောဖို့
ရပ်နေကြောင့် မြင့်မိုရ်မှာ စကားကို
ပြန်ထောက်ရ‌သည်။

"ပြီးတော့ အဲ့ဒီကလေးမကလေ
သိပ်ချစ်ဖို့ကောင်းတာ သိလား မမရဲ့"

"ဟုတ်လား ဘယ်လိုမျိုးလဲ သူ့ပုံစံက"

သူမှာ ဆံပင်ကောက်ကောက်လေးတွေ
ရှိတယ်။ ပြီးတော့ ညို့ယူနိုင်လွန်းတဲ့
မျက်၀န်းတွေ ရှိတယ်။

အပြုံး ချိုချိုလေးတွေ ရှိသေးတယ်"

ပြည့်ပြည့်ရဲ့ မျက်နှာလေးမှာ
ပြုံးရိပ်သမ်းနေသည်။

မြင့်မိုရ်ကတော့ ခေါင်းလေးငြိမ့်၍
နားထောင်ဖြစ်သည်။

"ပြီးတော့လေ မမသိလား"
သူက စကားပြောရင် ပြည့်မျက်၀န်းတွေကို
ကြည့်ပြောတာ ဘယ်လိုလေးမှန်းမသိဘူး"

ပြည့်က ပြောရင်းနဲ့ ရှက်သွားဟန်
တူသည်။

"ပြည့်ပြည့် ပြောပုံအရဆိုရင်
တော်တော်ချစ်စရာကောင်းမဲ့ ကလေးပဲနော့်"

"မမမြင့်မိုရ်နော် အဲ့တာပြည့်
အပိုင်ဖြစ်လာမှာ"
ပြည့် ကြောက်မိပါသည် ။
မမက အရာရာကို ကံကောင်းခဲ့တာမလား
ဒီကလေးမ ဒီကလေးမကိုတော့
ပြည့်လုံး၀ မပေးနိုင်ပါ။

ပိုင့်ရဲ့ မိုးစက်လေးWhere stories live. Discover now