မပြည့် ပြန်သွားတော့
အမေက ဖြိုးကိုခန္ဓာကိုယ်
သန့်ရှင်းရေး လုပ်ပေးသည် ။×××××××××××××××××××××××××××
×××××××××××××××××××××××××××
ပြည့် အိမ်ပြန် ရောက်တော့
မမရဲ့ ကားကို ခြံထဲမှာတွေ့လိုက်
ရတယ် ။အိမ်ထဲ ၀င် ၀င်ချင်း
ပြည့် မာမီကို တွေ့၍ ပြောမိသည်။"ဆေးရုံမှာ နေတတ်တဲ့ မမက
ထူးထူးဆန်းဆန်း အိမ်ပြန်လာလို့ပါလား""ဟုတ်ပါ့တော် ဒီထက် ထူးဆန်းတာ
တွေ့ချင်ရင် နောက်ဘက်ကို
သွားကြည့်လိုက်ပါအုံး"ပြည့်လည်း အလျှင်အမြန်ပဲ
မီးဖိုခန်းကို ၀င်လာခဲ့သည် ဆိုရင်ပဲ
ချက်ပြုတ် နေသော မမရဲ့
ကျောပြင်ကို တွေ့လိုက်ရသည်။"ဘုရားရေ .......မမ ဘာလုပ်နေတာ"
"ဟင် မီးဖိုချောင်မှာပါဆို
ဟင်းချက်နေတာပေါ့ ပြည့်ပြည့်ရဲ့""ဟင်းချက်တာက သိတယ်
ဘယ်တုန်းက ချက်ဖူးလို့လဲ
တစ်ခါမှလည်း ချက်တာ မမြင်ဖူးတာကို""ချက်တာ မမြင်တာနဲ့
မချက်တတ်ဘူးပေါ့ ပြည့်က
မမကို အထင်သေးလိုက်တာကွယ်""အင်းပါ မမ လက်ရာကို
မြည်းကြည့်အုံးမယ် ပြီးမှ""ဟုတ်ပါပြီရှင်"
ပြည့်လည်း အပေါ်တက်ပြီး
ခန နား၍ ရေချိုးလိုက်သည်။ကလေးမရဲ့ ပုံစံလေးကို
မြင်ရတာ အခုထိ စိတ်ထဲ
နေလို့ လုံး၀ မကောင်း ။ကလေးမအနား စက္ကန့်တိုင်း
နေချင်ပေမဲ့ မဖြစ်သာလို့ သာ
ဟူးးး ငါသာ အသက်နဲနဲ ကြီးရင်
ကောင်းမှာပဲ အဲ့ကျ အိမ်က
စိတ်ပူစရာ လည်း မလိုတော့ဘူး။ကလေးမ အနားလည်း နေလို့ရတယ်။
ရေချိုးပြီး ကလေးမ အကြောင်းကိုသာ
တွေးနေမိသည်။
ပြည့်ရဲ့ အတွေးတွေကို လုံး၀
စိုးမိုးနိုင်တဲ့ ကလေးမလေး ။ခန အကြာတော့
ပြည့် မီးဖိုခန်းကို လာခဲ့လိုက်သည်။"မမ ကျက်ပြီလား ပြည့် ဗိုက်ဆာနေပြီ"
"အမယ်လေး ကျက်ပါပြီရှင် "
အိမ်အကူ ကောင်မလေး၂ယောက်
ပြည့် အတွက် ထမင်းပွဲပြင်ပေးသည်။
မမကတော့ ချိုင့် တစ်ခုနဲ့
ဟင်းတွေကို ထည့်နေတယ်။
YOU ARE READING
ပိုင့်ရဲ့ မိုးစက်လေး
Romanceပိုင်က ပန်းပွင့်လေးဆို မဆု က မိုးစက်လေး ၊ မဆုရှိမှ အသက်ရှင်မဲ့ ပန်းပွင့်လေးဟာ ပိုင်ပါ ။