မနေ့က လွယ်အိတ် မေ့ခဲ့တာကြောင့်
ဘယ်လိုပုံစံနှင့်ကျောင်းသွားရမယ် မသိ ။
ကျောင်းကားပေါ်ရောက်တော့ ငြိမ်ငြိမ်လေး
ထိုင်နေမိသည်။လင်းလက်တို့ လမ်းထိပ်ရောက်တော့
လင်းလက်က တက်လာသည်။အဝေးက လင်းလက်ရဲ့
မျက်စောင်းထိုးနေပုံကို မြင်ရသည်။"နင်ကလဲ လူက အနား မရောက်သေးဘူး
မျက်စောင်းက အရင်ရောက်နေတာ""ရောက်မှာပေါ့ ဟဲ့ ရောက်မှာပေါ့"
လင်းလက်က ဖြိုးလွယ်အိတ်ကို
မျက်စောင်းထိုး၍ ပေးသည်။"ဟီးးးးကျေးကျေးသူငယ်ချင်းလေး"
မနေ့က ငါမေ့လို့
သူ အိမ်ယူ သွားတာထင်တယ်။"အခုကျ မျက်နှာက တစ်မျိုး"
လင်းလက်က မျက်စောင်းထိုး၍ပြောသည်။"ကျောင်းရောက်ရင် မု့န်၀ယ်ကျွေးမယ်နော့်
စိတ်ဆိုးရဘူး"
လင်းလက်ကို မုန့်နဲ့ ချော့ရပေအုံးမည်။"ငါကို ဖူး များ မှတ်နေလား"
"မစားဘူးပေါ့"
"စားမှာ"
"ဟားးဟားးနင်ကတော့လေ "
သူစကားကိုရယ်မိတော့
သူပါ လိုက်ရယ်သည်။ဒီလိုနဲ့ အချိန်တွေက ကုန်လွန်သည်။
လပတ် စာမေးပွဲ ပြီး၍ လ၀က်
စာမေးပွဲအတွက် စာတွေကို
သေချာ အာရုံစူးစိုက်၍ ကြိုးစားရသည်။အဲ့နေ့...အဲ့နေ့က
ဖြိုးရယ် လင်းလက်ရယ်
အငယ်တန်းလေးတွေကို ဆော့နေတာကို
သစ်ပင်အောက်က ခုံလေးမှာထိုင်ပြီး
စာကြည့်နေခဲ့ကြသည်။ထိုစဉ် ကလေးတစ်ယောက်က
ခုံအမြင့်မှာ ဆော့ရင်း
နောက်ကို ပလက် လှန်ကျသွားသည်။"ဖြိုး...ဟိုမှာ "
လင်းလက်က ကလေးအုပ်စီကို
လက်ညိုးထိုး၍ ပြသည်။"လာ လင်းလက် သွားကြည့်ရအောင်"
လင်းလက်ကို ခေါ်၍ ကလေးအုပ်စုနား
သွားတော့ ကလေးတစ်ယောက်ရဲ့
ခေါင်းမှာသွေးတွေ ထွက်လို့နေသည်။"ဘာဖြစ်တာလဲ......."
ဖြိုးက အသံခပ်ကျယ်ကျယ် လေးမေးတော့
ကလေးတစ်ယောက်က"ဟိုမှာ သူ နောက်ပလက်လှန် ပြုတ်ကျတာ"
ဖြိုးလည်း ကလေးပြုတ်ကျတဲ့နေရာကို
ကြည့်မိတော့ အုတ်နီခဲမှာ သွေးတွေ ပေလို့ နေသည်။
YOU ARE READING
ပိုင့်ရဲ့ မိုးစက်လေး
Romanceပိုင်က ပန်းပွင့်လေးဆို မဆု က မိုးစက်လေး ၊ မဆုရှိမှ အသက်ရှင်မဲ့ ပန်းပွင့်လေးဟာ ပိုင်ပါ ။