၅လခန့်ကြာသော်
ဖြိုးခြေထောက်က
အကောင်းတိုင်းပြန်မဖြစ်ပေမဲ့
သေချာတော့ လမ်းလျှောက်နိုင်ပါတယ်။ဒီ၅လအတွင်းမှာ မဆုနဲ့ အတူတူ
နိုးထရတဲ့ မနက်ခင်းတွေကို
အခုအချိန်မှာပြန်ရချင်တယ် ။တီ.....တီ..
ခြံရှေ့က ကားဟွန်းတီးသံ နှစ်ချက်ကို
ကိုကြားလိုက်ရတယ် ။
ဖြိုး ပြုံးလိုက်မိသည်။ကားကိုမကြည့်လည်း ဒီကားက
မဆုရဲ့ ကားမှန်း ဖြိုးသိသည်။
ကားက ခြံရှေ့မှာ ရပ်၍
မဆု ဆင်းလာသည်။စတိုင်ပန် ဘောင်းဘီညိုနဲ့
တီရှပ် အဖြူ လက်တိုလေးနဲ့က
သိပ်လိုက်သည်။
ဆံနွယ်တွေကို စည်းနှောက်ထားတယ်လမ်းလျှောက်တဲ့ပုံစံလေးက
သိပ်ကို လှသည် ။
မဟုတ်ဘူး မဆုက ဘယ်လိုပဲနေနေ
သိပ်ကို လှတဲ့ အမျိုးသမီး ။
မဆုဆီကို လျှောက်သွားတော့မဆုက
"ဒီလို ကျတော့လည်း ကလေးက
uniform လေးနဲ့ လိုက်သားပဲ""လိုက်တယ်ဆိုတော့ မလှဘူးလို့
ပြောကြတာပေါ့ မဆုက "
နှုတ်ခမ်းဆူ၍ မေးလိုက်တော့
မဆုက ပြာပြာသလဲ ဖြစ်၍"အဲ့လို မဟုတ်ပါဘူး
မဆုရဲ့ကလေးက ဘာ၀တ်၀တ်
လှနေပြီသား""မဆုရဲ့ကလေး ..."
ဖြိုးက အသံတိုးတိုးနဲ့ အသံယောင်
လိုက်၍ ပြောမိသည်။"အွန်းလေ မဆုရဲ့ကလေး
မလုပ်လို့ ဘယ်သူရဲ့ကလေး လုပ်မှာလဲ"ဒီစကားရဲ့ အဓိပ္ပာယ်ကို မဆုက
မသိတာလား ဒါမှမဟုတ်
တမင်များပြောနေသလား မဆုရယ်အဲ့မျက်၀န်းတွေနဲ့ ဆုံမိတိုင်း
မလုံမလဲ အကြည့်လွဲရသည်။
မဆုက သိရက်နဲ့သား အဲ့အကြည့်တွေနဲ့
အနိုင်ယူနေတာ ။"မဆုရဲ့ကလေးပဲ လုပ်မှာ"
ဒီစကားက အမှန်ဆို စဉ်းစားရပေမဲ့
ဒီအမျိုးသမီးနဲ့ကျမှ"စကားကိုမှတ်ထားနော် ကလေးလေး"
"ဟုတ် "
မဆုက ပြည့်ရဲ့ ထမင်းချိုင့်ဆွဲခြင်းနဲ့
လွယ်အိတ်ကို သယ်၍ အရှေ့က သွားသည်။
ဖြိုးကတော့ အနောက်က ဖြေးဖြေးချင်း
လိုက်ခဲ့သည်။
YOU ARE READING
ပိုင့်ရဲ့ မိုးစက်လေး
Romanceပိုင်က ပန်းပွင့်လေးဆို မဆု က မိုးစက်လေး ၊ မဆုရှိမှ အသက်ရှင်မဲ့ ပန်းပွင့်လေးဟာ ပိုင်ပါ ။