ဒီလိုနဲ့ ဖြိုးမှာ
ညနေတိုင်း ကျောင်းပြန်လာတိုင်း
မမကို စက်ဘီးသင်ပေးတာ
အခုဆို၁လ ကျော်ကျော်ရှိခဲ့ပြီ ။မမက စက်ဘီးကို၁ပတ်အတွင်း
စီးတတ်သည် ဒါပေမဲ့ ဖြိုးနဲ့အတူ
ညနေတိုင်း စက်ဘီးပတ်စီးလေ့ရှိသည် ။စက်ဘီးပတ်စီးပြီးတိုင်း အမြဲတမ်း
အားပေးတဲ့ ဒေါ်ချစ် အကြော်စုံ
ဆိုင်မှာ စားဖြစ်သည် ။မမနဲ့ တအားရင်းနှီးသောကြောင့်
မမဟာ တစ်ခါတစ်ရံ သူမိသားစု၀င်
တွေအကြောင်း ပြောပြတတ်သည်။
မမရဲ့ အမ အကြောင်းကတော့
မပါ ။ ဖြိုး မေးရင်လည်း စကားလမ်း
ကြောင်းသာ လွဲသွားတတ်သည်။အဲ့နေ့ ......အဲ့နေ့က
ကျောင်းဆင်းချိန်မှာ မိုးတွေက
သည်းထန်စွာရွာနေသည်။
မမက တော့ ပြန်သွားပြီ ဖြစ်တယ်ဖြိုးကတော့ အိမ်က လာကြိုမည်
ဖြစ်၍ စောင့်နေသည်။
လမ်းတစ်ဖက်ခြမ်းကနေ
ဖေဖေက လာကြိုသည် ။ဖြိုးလည်း လမ်းကလည်း ရှင်းနေတာကြောင့်
ထီးကလေး ကိုင်၍ ဖေဖေ ကားရပ်သည်
နေရာကို သွားသည် ။ထိုစဉ်
တီ......တီ.....တီ
ကားဟွမ်းသံ ကို ကြားလိုက်ရပြီး
ဖြိုးရဲ့ ခန္ဓာကိုယ်ဟာ မိုးရေထဲ
လွင့်စင်သွားခဲ့သည်။ဖြိုးရဲ့ အမြင်အာရုံတွေ ဝေဝါးနေတဲ့
အချိန်မှာ အမျိုးသမီးတစ်ယောက်က
ဖြိုးဆီ ပြေးလာတဲ့ ပုံရိပ်ကို
ဝိုးတဝါး မြင်လိုက်ရသည်။"ကလေး ....ကလေး ...ခေါ်တာကို
ကြားရဲ့လား "နူးညံ့တဲ့ ခေါ်သံ အောက်မှာ
ဖြိုးရဲ့ အမြင်အာရုံတွေက တဖြည်းဖြည်း
အမှောင်အတိ ဖုံးလွှမ်းသွားသည်။×××××××××××××××××××××××××××××××
×××××××××××××××××××××××××××××××ဖြိုး ပြန်သတိရလာတော့
မရင်းနှီးတဲ့ အငွေ့အသက် တစ်ချို့ကို
ရလိုက်သည် ။မျက်လုံးကို အသာယာဖွင့်ကြည့်တော့
မြင်လိုက်ရတဲ့ အမျိုးသမီးကြောင့်
ဖြိုးမှာ မှင်သက်သွားမိသည်။"သတိရပြီလား ကလေး
ခေါင်းမူးတာတို့ ခေါင်းကိုက်တာတို့
ဖြစ်သေးလား"
YOU ARE READING
ပိုင့်ရဲ့ မိုးစက်လေး
Romanceပိုင်က ပန်းပွင့်လေးဆို မဆု က မိုးစက်လေး ၊ မဆုရှိမှ အသက်ရှင်မဲ့ ပန်းပွင့်လေးဟာ ပိုင်ပါ ။