ညရောက်တော့
"ကလေး ပျင်းနေရောပေါ့
လာ မဆုနဲ့ အတူဇာတ်ကားကြည့်မလား""အာ မကြည့်ပါဘူး ဇာတ်ကားကြီးက
ပျင်းစရာကြီး""အဲ့ဆို ကြောင်နဲ့ကြွက်ကြည့်မလား"
"ဟာ မဆုကလဲ လူကို ကလေးများ
ထင်နေတာလား""ဟော်ဗျာ ဒီကလေးက တစ်ကယ်ကို
ဂျီးများတာပဲ""မဆုနော်" သွား...အိပ်တော့မယ်"
ဖြိုးလည်း စိတ်ဆိုးချင်ယောင်ဆောင်၍
တစ်ဖက်ကို လှည့်လိုက်သည်။ကုတင်ပေါ်မှာ နှုတ်ခမ်းကြီးဆူ၍
တစ်ဖက် လှည့်နေသော ကလေးမကို
ကြည့်၍ ဆု လည်း စ ချင်လာတာကြောင့်"ဟိတ် ဟိုကလေး ထိုင်မနေနဲ့ အိပ်တော့"
"မအိပ်ဘူး...မအိပ်ဘူး"
"အိမ်မဟုတ်ဘူးနော် ဆေးရုံ "
ဆေးရုံဆိုတော့ ဘယ်အခန်းမှမဆို
လူသေ ထားတာကြည့်ပဲ""မဆုကလဲ ဘာတွေပြောနေတာလဲ မသိ"
ဖြိုး တိုးတိုးလေး ပြောမိသည်။ဆုလည်း ကုတင်ဘေးက
တစ်ယောက်စာ ထက်ကျယ်တဲ့
ဆိုဖာ ပေါ်လှဲ ၍"တို့က တော့ အိပ်တော့မယ်နော်
ပိုင် အိပ်တော့မယ်ဆိုရင်
ဟိုပြတင်းပေါက်ကို ပိတ်လိုက်အုံး
တော်ကြာ အဲ့ကနေ ဇောက်ထိုးကြီး
ဆင်းလာလိမ့်မယ်""အားးးးမဆုနော်"
"ရှူးးးးးး တိတ်တိတ်.. နေ"
ခနကြာတော့
"မဆု လို့.... "
ဖြိုးကုတင်ပေါ်ကနေ မဝံ့မရဲ
မဆုကို လှမ်းခေါ်ပေမဲ့
ဟိုဘက် လှည့်၍ အိပ်နေသော မဆု။"ဟွန့် အမြင်ကပ်စရာကောင်းလိုက်တာ"
ဖြိုးလည်း ကုတင်ပေါ်က
အသာထ ၍ မဆုအနား သွားရတယ်မဆုကို လက်နဲ့တို့၍
"မဆု ....မဆု လို့ ဒီဘက်လှည့်အုံးလို့"
ဖြိုးခေါ်တာကို မဆုက လှည့်၍ မလာ
ပြတင်းပေါက်က လေအေးတွေကလဲ
ရုတ်တရက်ဆိုသလို တိုက်လာသည်။ဖြိုးလည်း ကြောက်ကြောက်နဲ့
ဆိုဖာပေါ်တက်၍ မဆု လှည့်နေတဲ့အခြမ်း
ဘက်က ပိုနေတဲ့ နေရာမှာ
၀င်အိပ်လိုက်တယ်။
YOU ARE READING
ပိုင့်ရဲ့ မိုးစက်လေး
Romanceပိုင်က ပန်းပွင့်လေးဆို မဆု က မိုးစက်လေး ၊ မဆုရှိမှ အသက်ရှင်မဲ့ ပန်းပွင့်လေးဟာ ပိုင်ပါ ။