~ ဆက်သွယ်ခြင်း ~

361 36 7
                                    

'' သောက်ရမ်းဂွကျလွန်းတယ် အခုအဖြစ် အပျက်ကို ဟိုနှစ်ကောင်သိရင်တော့ ဂွမ်း ´´
ပတ်ဝွန်းဘင်းက တက်စီကားပေါ်ထိုင်ရင်း တွေးမိသည် ... လူတစ်ယောက်နှင့် အီစီကလီလုပ်ဖို့က ဝွန်ဘင်းအတွက် အလွယ်ဆုံးအရာဖြစ်ပြီး ရှုပ်လာသည့် ဇာတ်ပေါင်းများစွာရှိပေမယ့် အခုလို နှုတ်ခမ်းပါးကို ဘယ်သူ့ဆီမှ ပေးအပ်ခဲ့ခြင်းမရှိ ...

^ သိမ်းဆည်းထားတဲ့အရာကို ပထမဆုံးတွေ့တဲ့ ဘယ်ကမှန်းမသိတဲ့ ဘားကဝိတ်တာ ? မဟုတ် လူဆိုးတွေ နောက်ကလိုက်တာခံနေရသူ ? ကို ပေးလိုက်တယ် ... အဲ့ဒါလည်း ငါက စပြီး ရှစ် .. ပတ်ဝွန်ဘင်း တစ်ဖက်ကဘဲက သောက်ရမ်းအထာကျပေမယ့် ဒါကြီးက မဖြစ်သင့်ဘူးမလား ... ဖြစ်လည်း ပြသနာမရှိတာလား .. ထားပါ ဒါပေမယ့် အိုးမိုင်ဂေါ့ ဘယ်လိုတောင်လဲ ... ^

နောက်ကို မှီချရင်း လျှောထိုင်လိုက်သည် ...
ကားမှန်ကတစ်ဆင့် မြင်နေရသည်က ရှန်ဟိုင်းမြို့ရဲ့ ညဘက်စည်းကားမှုပေမယ့် စီးကရက် မက်မွန်က လျှာပေါ်စွဲနေသည် ..
^ ပတ်ဝွန်းဘင်း တော်စမ်းပါ ^

'' ဟေ့ကောင် အိမ်ပြန်ရောက်ပြီလား အစ် .. ´´'' မူးရင် ဖုန်းမခေါ်နဲ့ ရောက်တာ မရောက်တာ ငါ့အပိုင်း လစ်စမ်းပါ မင်းတို့ အလကားကောင်တွေ ငါတစ်ခုခုဖြစ်ရင်တောင် သိကြမှာမဟုတ် ´´
အာလေးလျှာလေးဖုန်းခေါ်လာသည့် ထားခဲ့နိုင်သူ သူငယ်ချင်းကောင်ကို ဝွန်ဘင်း ပိတ်ပြောလိုက်သည်
'' အခု ဘာဖြစ်လို့လဲ သူငယ်ချင်းလေးရဲ့ ´´
အခြေအနေနည်းနည်းကောင်းသေးသည့် နောက်တစ်ကောင်က ဝင်ပြောသည် ...
'' ဘာဖြစ်ဖြစ် ကလေကချေတွေ သွားတော့ ´´ ဝွန်ဘင်းက ဖုန်းကိုချလိုက်ပြီး ခေါင်းခါလိုက်သည် ..

ဟိုတယ်ပြန်ရောက်တော့ ရေချိုးကန်ထဲ ဝင်စိမ်လိုက်သည် ... ရာသီဥတုက နေလို့ကောင်းရုံ ... မျက်စိကိုအသာမှိတ်ကာ အလုပ်အကြောင်းတွေ တွေးတုန်း ​သပ်ရပ်လှသည့် ဘဲတစ်ပွေအကြောင်းသာ ခေါင်းထဲရောက်လာပြန်သည် .. ရှစ် .. မတ်တပ်ထရပ်လိုက်ပြီး ရေအေးတို့ကို ခေါင်းကတစ်ဆင့် ဖြန်းချလိုက်သည် ...

'' ဟိုကောင်တွေ ငါ့ကို ခြေရာခံမိပြီ .. ငါပြန်ဖို့ စီစဥ်လိုက် ပြီးတော့ ဘားက အလုပ်ထွက်ဖို့ကို မင်းပဲ ဆက်ရှင်းလိုက် ´´
'' ဟုတ်ကဲ့ပါ သူတို့ကို ဘယ်လိုကိုင်တွယ်ရမလဲ ´´
'' အဆုံးထိပဲ ...  ငါ့မျက်နှာကို မြင်သူတိုင်း အရှင်မထားဘူး ... မင်း အပြီးသတ်နိုင်လား ´´
'' ကျွန်တော် ဖြစ်အောင်လုပ်လိုက်မယ် ´´

Dear Pain ( Completed ) Where stories live. Discover now