EPISODE 1

5.9K 275 7
                                    

အပိုင်း (၁)
သတို့သမီးအားလာရောက် တင်တောင်းခြင်း။

ယနေ့သည် မဟာလပြည့် နေ့ဖြစ်ပြီး သက္ကအန္တလာပြည်၏ အထူး‌မြင့်မြတ်သည့် နေ့ဖြစ်သည်။မဟာလပြည့်နေ့တွင် အများနှင့်သက်ဆိုင်သည့်ကုသိုလ်များပြုလုပ်ခြင်း၊ဥပုသ်ဆောက်တည်ခြင်း၊ဘုရားပွဲတော်များကိုခြိမ့်ခြိမ့်သဲပြုလုပ်ခြင်းဖြင့် စည်ကား သိုက်မြိုက်စွာ ရှိလျက်။ရှေ့နှစ်များနှင့် ကွဲပြားစွာပင် ယနေ့အခါ မြို့တော်၏ လမ်းကြိုလမ်းကြား၊လမ်းမများနှင့် အချို့ အဆောက်အဦများ အပေါ်၊ အချို့ သစ်ပင်များ အထက်၌နေ၍ လူအများက ဟိုးအဝေးဆီမှ အဏီရာ နန်းတော်ကို ဝေ့ကြည့်လိုက် တစ်ဖန်  နန်းတော်၏ ဆန့်ကျင့်ဘက် မြို့တံတိုင်းဆီသို့ မျှော်လိုက်နှင့် အလုပ်များနေကြသည်။

ယနေ့တွင် မဟာအဏီရာ ဧကရာဇ်မင်းကြီးနှင့် မဟာဧကရီအရှင်မြတ် ဟန်တျာယာ၀တို့၏ ဒုတိယမြောက်သားတော် အဆင့် (၄) သံတမန်ဘွဲ့ခံမင်းသား ရူလီရာ အဏီရာ (ခေါ်) လီလီ အား စစ်ဦးစီးချုပ် ဗိုလ်ချုပ်မဟာမြတ် မှ လာရောက် ခေါ်ဆောင်ရမည့်ရက်ဖြစ်သည်။ အဏီရာ နန်းတော်၏ အစဉ်အလာအရ မင်းမျိုးမင်းနွယ် သားသမီး တူတော် တူမတော်များ အပြင်လူနှင့်လက်ဆတ်သည့်အခါ  နန်းတွင်း ၌ လက်ဆတ်ပွဲကိုပြုလုပ်ခွင့်မရဘဲ ခင်ပွန်းဖြစ်သူ၏အရပ်၌သာပြုလုပ်ခွင့်ရကြ၏။ဒုတိယမင်းသားသည်လည်းထို အစဉ်အလာအတိုင်းပင် ခြွင်းချက်မရခဲ့။

"ဒုတိယမင်းသားငယ်က နန်းတွင်းကိုပြန်ရောက်တာ သိပ်မကြာ‌သေးတာကို ကြည့်စမ်းပါဦး အခုပဲပြန်ထွက်ရတော့မယ် "

အမျိုးသမီးငယ်တစ်ဦးက စိတ်မကောင်းဟန်ဖြင့်သူမအဖော်ကိုလက်တို့ပြောလိုက်သည်။သူမတို့သည် မဟာဧကရီနှင့်သားတော်များ၏ဖြစ်အင်ကိုအနည်းနဲ့အများ သိသွားကြပြီမလို့ အဏီရာ နန်းမိသားစုအပေါ် နဂိုကြည်ညိုရင်းစွဲစိတ်များသည် ဂရုဏာစိတ်များအဖြစ်သို့ကူးပြောင်းရင်း အနည်းနဲ့အများတော့ စိတ်မကောင်းဖြစ်မိကြတုန်းပင်။

"ဗိုလ်ချုပ်မဟာမြတ်ရဲ့ တပ်မဟာက စစ်တပ်မြို့ လုထောင်မှာ မလား၊ မြို့တော်နဲ့ဆို သုံးရက်ခရီးလောက်ဝေးတယ်၊ အဲ့ဒီအထိ ရောက်သွားရင် တို့များ မြို့တော်ရယ်အဏီရာ နန်းတော်နဲ့ရယ် မင်းသားဟာဝေးကွာသွားမှာ မြင်ယောင်မိပါရဲ့ကွယ် "

ပြိုင်ဘက်ကင်းဗိုလ်ချုပ်နှင့်သူ၏ချစ်ဇနီးWhere stories live. Discover now