အပိုင်း(၃)
လုထောင်မြို့သို့သွားရာလမ်းမြင်းတပ်ကြီးက ပထမတစ်ရက်ကိုနေ့ပိုင်းမှာ မရပ်မနားခရီးနှင်ခဲ့ပြီးနောက် တောင်သုံးလုံးနှင့်မြစ် နှစ်စင်းကိုဖြတ်ကျော်ခဲ့ရလေသည်။ထို့နောက်ညဘက်မှာတော့ ဟူလီ မြစ်၏နံဘေး တည်မြဲသောတောအုပ်၏ အစပ်တွင် စခန်းချဖို့ဆုံးဖြတ်လိုက်ကြသည်။
"ဗိုလ်ချုပ်ကတော်အတွက်တဲကိုအမြန်လုပ်ဆောင်ကြ၊မင်းတို့က ဗိုလ်ချုပ်အတွက်တဲကို ဒီနားမှာဆောက်လုပ်လိုက်"
လက်ထောက်တပ်မှူးက တပ်သားများကို အမိန့်ပေးလိုက်ပြီးနောက် မြင်းတပ်ကြီးကိုဝေ့ကြည့်လိုက်သည်။
"ဗိုလ်ချုပ်ကတော်အတွက်အရင်လုပ်ရမှာလား လက်
ထောက်တပ်မှူး၊ ဗိုလ်ချုပ်အတွက်အရင်လုပ်ရမှာမဟုတ်ဘူးလား"မြင်းတပ်စစ်သည်လေးကယောင်လည်လည်လေးနံ့မေးလိုက်သည်။သူက လုထောင်လက်ရွေးစင်မြင်းတပ်ကို အသက်ငယ်ငယ်လေးနဲ့ ၀င်ရောက်နိုင်ခဲ့တာဖြစ်ပြီး များသောအားဖြင့်တော့ လောကကြီးရဲ့အကြောင်းကို လက်ထောက်တပ်မှူးလောက်မသိသေးတာဖြစ်နိုင်သည်။
"အထွန့်မတက်စမ်းပါနဲ့ကွာ၊ လောကကြီးမှာ မင်းမသိသေးတာတွေအများကြီးရှိတယ်ကွ၊ သွား...သွား "
လက်ထောက်တပ်မှူးက ခါးထောက်ကာပြောလိုက်ပြီးနောက် တဲဆောက်လုပ်မှုကို အနည်းငယ်ကြီးကြပ်ကာ ဗိုလ်ချုပ်မဟာမြတ်၏မြင်းအနားသို့သွားလိုက်သည်။
"ဗိုလ်ချုပ်ကတော်ရဲ့ တဲကပြီးလုနီးပါပြီ ဗိုလ်ချုပ်၊ခဏနေရင် ဗိုလ်ချုပ်ရဲ့တဲလည်းပြီးပါတော့မယ်၊"
"ကောင်းပြီ"
ဗိုလ်ချုပ်မဟာမြတ်က မြင်းပေါ်မှ မဆင်းဘဲ အဝေးသို့မျှော်ကြည့်ကာ ခဏလောက်စဉ်းစားနေဟန်ရှိသည်။
"ဟူလီမြစ်ကအဆုံးအစမဲ့ပြီး တည်မြဲခြင်းတောအုပ်က နက်နဲတယ်၊ အဓိပ္ပာယ်က ဟူလီမြစ်ကဖြတ်သန်းရလွယ်ပြီး ရေတိမ်တယ်၊ တည်မြဲခြင်းတောအုပ်ကတော့ သူ့ရဲ့ နာမည်နဲ့ဆန့်ကျင်စွာဘဲ တောပုန်း ဓားပြတွေနဲ့ ခိုးဆိုးလုယက် သတ်ဖြတ်မှုတွေကြောင်ြ အသက်အိုးအိမ်တွေ မတည်မြဲတာများတယ်၊လုံခြုံရေးကို အထူးသတိထားရမယ်၊ဒီနေ့ညအတွက်ကင်းပုန်းကို ပိုပြီး ဖြန့်ကျက်ထားလိုက်"
YOU ARE READING
ပြိုင်ဘက်ကင်းဗိုလ်ချုပ်နှင့်သူ၏ချစ်ဇနီး
Historical Fictionမသေမျိုးဗိုလ်ချုပ်ကြီးနှင့်သူ၏နုနယ်လှပသည့် အမျိုးသားဇနီးသည်လေးတို့ရဲ့အကြောင်း(BL) *ဤ၀တ္ထုပါ ကျင့်ကြံဆင့် တည်ဆောက်ပုံသည် တရုတ်၀တ္ထုစာစဉ် အချက်အပြုတ်နတ်ဘုရားပုဖန် မှမှီငြမ်းကိုးကားထားပါသည်။ (Ongoing Paid Group ရှိပါသည်။Telegram Acc - @Cinnamonmai ကိုဆ...