EPISODE 7

2.1K 194 28
                                    

အပိုင်း(၇)
လုထောင်မြို့ကရွှေရောင်ဓားသွားတပ်မှူး

ဗိုလ်ချုပ်က မိစ္ဆာလက်တံကြီးတွေကို တစ်ဟုန်ထိုးနဲ့ သုတ်သင်လိုက်သည်။သူ့ရဲ့အလျင်က သာမန်မျက်စိဖြင့် မြင်နိုင်သည့် ပမာဏကိုကျော်လွန်သွားခဲ့ပြီး ရက်စက်မှု အငွေ့အသက်များက ပတ်၀န်းကျင်တစ်ခုလုံးကိုလွှမ်းခြုံထားခဲ့သည်။ပြတ်ကျသွားသည့် ရန်သူမိစ္တာများ၏ လက်တံများနှင့်အတူ ဗိုလ်ချုပ်၏ ချောမောကာ အေးစက်သည့်အသွင်အပြင်က ရှိန်လောက်စရာပင်။

ခဏအကြာတွင် မိစ္ဆာများ၏ ပုဝါစများရော၊ လက်တံများပါ အပြီးတိုင် ချေမှုန်းခံလိုက်ရပြီး တိုက်ပွဲသည်လည်းပြီးဆုံးသွားခဲ့သည်။ ဤတိုက်ပွဲသည် မူလက ပြင်းထန်နေသော်လည်း ဗိုလ်ချုပ်ပါ၀င်ပြီးနောက် ချိန်ခွင်တစ်ဖက်စောင်းကာ ကြက်ကလေးငှက်ကလေးများကဲ့သို့သတ်ဖြတ်ခံရခြင်းဖြင့် နှိမ်နင်းခံလိုက်ရသည်။

"ဗိုလ်ချုပ်ကတော့ ဗိုလ်ချုပ်ပါပဲ၊ စိတ်စွမ်းအားတောင်သိပ်မစိုက်ထုတ်လိုက်ရဘဲ ဓားချည်းသပ်သပ်နဲ့ မိစ္ဆာများကို ဇီဝိန်ချုပ်ပေးခဲ့တယ်"

ဒုတိယတပ်မှူးကချီးကျူးလိုက်ပြီးနောက် မြင်းတပ်စစ်သည်များကိုပြန်လည်စုစည်းပြီး ခရီးဆက်လက်ထွက်ခွာဖို့ပြင်လေသည်။ဒီတစ်ကြိမ်မှာတော့ ရထားလုံးက ပျက်စီးသွားပြီဖြစ်တာမို့ ဒုတိယမင်းသားအဖို့ မြင်းနှင့်ခရီးသွားဖို့ရန်သာရွေးချယ်ရသည်။

မြင်းတပ်ကြီးက တောအုပ်အစပ်မှ ထွက်ခွာလာချိန်တွင် ကြီးမားလှသည့် သက်ရှိအစုအဝေးကြီးကို အဝေးတစ်နေရာ တိမ်တိုက်များဆီမှ တွေ့ရလေသည်။

"ရွှေရောင်ဓားသွားတပ်ဖွဲ့ "

ဗိုလ်ချုပ်မဟာမြတ်ကရေရွတ်လိုက်ပြီး မိုးညိုရဲ့လည်ဆံမွှေးများကိုပွတ်ကာ ရပ်တန့်လိုက်သည်။

"ဟီး...ဟီး...ဟီး..."

အဟုတ်ပင်။ရွှေရောင်ချပ်၀တ်တန်ဆာများ၀တ်ဆင်ထားသည့် ရဲမက် လေးဆယ်ခန့်ဟာ ဓားရှည်ကြီးများကိုစီးနင်းရင်း တိမ်တိုက်များပေါ်မှ ခရီးနှင်လာခဲ့သည်။

ရွှေရောင်ဓားသွားတပ်ဖွဲ့သည် မြင်းတပ်ကြီး၏အနီး၌မြေပေါ်သို့သက်ဆင်းပြီးနောက် ဓားသွားများကို နောက်ကျော၌စလွယ်သိုင်းလိုက်သည်။

ပြိုင်ဘက်ကင်းဗိုလ်ချုပ်နှင့်သူ၏ချစ်ဇနီးWhere stories live. Discover now