EPISODE 4

1.7K 178 5
                                    

အပိုင်း(၄)
ဟူလီတောပုန်းတပ်ဖွဲ့၏အလစ်အငိုက်တိုက်ခိုက်မှု

မြင်းတပ်စစ်သည်တို့သည် တဲကျောင်းများကို စက်၀န်းသဏ္ဍာန်ဆောက်လုပ်ထားတာဖြစ်ပြီး အလယ်တွင် ကြီးမားသည့် တဲ‌ကျောင်းကြီးတစ်ခုကိုဗဟိုပြုထားလေသည်။တဲကျောင်းများ၏ပတ်ချာလည်တွင်လည်း မြင်းတပ်စစ်သည်အချို့တို့က ကင်းလှည့်နေပြီး ၎င်းတို့ ပြုလုပ်ထားသည့် မီးတောက်ကြီးများကလည်းအလျှံတငြီးငြီးဖြင့် တောက်လောင်နေလေသည်။

ပတ်၀န်းကျင်တစ်ခွင် ဟူလီမြစ်၏ မြစ်ရေစီးသံ တသွင်သွင်မှအပ ရံဖန်ရံခါတွင်သာ ကြားရသည့် တည်မြဲခြင်းတောအုပ်အတွင်းမှ သားရဲတို့၏ ဟိန်းဟောက်သံများသာရှိလေသည်။သို့ရာတွင် ထိုသားရဲများမှာ တိုက်ခိုက်ရေးစွမ်းအင်ရော စိတ်စွမ်းအင်ကျင့်ကြံမှုပါ မြင်းတပ်စစ်သည်တို့၏ အရှိန်အဝါကို မကျော်လွန်သဖြင့် လက်လွတ်စပါယ် လာရောက်မတိုက်ခိုက်ရဲဘဲ အဝေးမှသာ ကြည့်ရင်း ရှောင်ပြေးကြလေသည်။

ဗိုလ်ချုပ်မဟာမြတ်၏မြင်းပျံကြီးကမူ တိမ်များအပေါ်ဝေ့ဝိုက်ပျံသန်းရင်းတစ်ခါတစ်ရံတွင်အဆိုပါတိမ်စိုင်တိမ်လိပ်များပေါ်၌လဲလျောင်းနေသေးသည်။

ထိုအချိန်တွင် တည်ငြိမ်နေသည့် ဟူလီမြစ်၏အတွင်းမှ တသွင်သွင်စီးဆင်းနေသည့် မြစ်ရေတို့က ရပ်တန့်သွားလေသည်။မြေပြင်လွှာတို့ကခဏအကြာ တုန်လှုပ်သွားပြီး တည်မြဲခြင်းတောအုပ်မှ သစ်ပင်တို့ကလည်း အရှေ့မှအနောက်သို့ယိမ်းထိုးရင်း လျင်မြန်စွာလှုပ်ရှားလာကြသည်။ မူလကတည်ငြိမ်နေသည့် တဲများပင်လျှင် ပြင်းထန်စွာ တိုက်ခတ်‌နေသည့် လေကြောင့် လှုပ်ရမ်းလာကာအချိန်ရွေး မြေပြင်မှလွင့်ပါသွားမည့် ပုံစံပေါက်နေသည်။

မြင်းတပ်စစ်သည်များမှာ တပ်လှန့်ခံရသည့် ပုံစံသို့ပြောင်းသွားပြီး သတိအနေအထားဖြင့် ဟူလီမြစ်ဘက်သို့ မျက်နှာမူလိုက်ကြသည်။

"ဘာဖြစ်တာလဲ "

လက်ထောက်တပ်မှူးက စစ်သည်အချို့ခြံရံလျက်အပြေးရောက်လာကာ ဟူလီမြစ်ဘက်သို့ ကြည့်လိုက်သည်။ မြစ်ရေသည် သူ၏ရေစီးကြောင်းအတိုင်းသာ အစုန်အဆန်စီးဆင်းတတ်သည်။ယခုအခါ မြစ်ရေစီးကြောင်းသည် လှိုင်းတံပိုးအချို့ဖြင့် မြင်းတပ်စစ်သည်များစခန်းချရာသို့ဦးတည်ကာရောက်လာလေသည်။

ပြိုင်ဘက်ကင်းဗိုလ်ချုပ်နှင့်သူ၏ချစ်ဇနီးWhere stories live. Discover now