EPISODE 5

1.6K 181 6
                                    

အပိုင်း(၅)
သူကငါ့ဇနီးလောင်းပဲ။

သိပ်မကြာလိုက်ပေ။တောအုပ်ကြီးကပြန်လည်ငြိမ်သက်သွားလေသည်။ မြင်းပျံကြီးမိုးညိုသည်လည်း တဲငယ်လေးပေါ်မှ ပြန်လည်ထွက်ခွာသွားကာ ကောင်းကင်ပေါ်သို့ ပျံသန်းထွက်ခွာသွားလေသည်။

လက်ထောက် ဗိုလ်ချုပ်က ဖြစ်ပျက်သွားသည်များကိုပြန်လည်သုံးသပ်ရင်းသူ့ရဲ့ကျင့်ကြံဆင့်တိုးကာသန်မာစေရန်ကြိုးစားမည်ဖြစ်ကြောင်းသံဓိဌာန်ချလိုက်‌သည်။သူက လုထောင်မြို့မှာ ဆိုရင်ရှားပါးလှတဲ့ ပါရမီရှင်ကျင့်ကြံသူဖြစ်ပေမယ့် သူ့နယ်ကထွက်တာနဲ့ ဖိနှိပ်ခံရလေတယ်။

"လက်ထောက်ဗိုလ်ချုပ် ကျွန်တော်တို့ အစီအရင်ကိုပြန်အသက်သွင်းထားလိုက်ရမလား"

မြင်းတပ်စစ်သည်တစ်ဦးကမေးလေသည်။
လက်ထောက် ဗိုလ်ချုပ်ကခေါင်းခါပြလိုက်သည်။

"မလိုဘူး၊သူမကပြန်လာမှာမဟုတ်တော့ဘူး"

တောင်ပိုင်သခင်မက တိုက်ခိုက်သည့်အချိန်တိုင်း အသေသတ်ခြင်းဖြင့်သာအဆုံးသတ်လေ့ရှိပြီး နောက်ပြန်လှည့်လေ့မရှိ။ယခုအခါ မိုးညိုရဲ့ခွန်အားကြောင့် သူမရဲ့ စွမ်းရည်တစ်ချို့ကပျက်စီးသွားကာ ကျင့်ကြံခြင်းဖြင့် ပြန်လည်ကုစားရမည်ဖြစ်လေသည်။သူမ ဒီနေရာကိုပြန်လာလိမ့်မည်မဟုတ်ကြောင်း လက်ထောက်တပ်မှူးကခြွင်းချက်မရှိသိလေတယ်။

အဲ့ဒီနောက် တဲအစု အ၀န်းကြီးက ညဘက်တွင် ငြိမ်သက်ကာ မည်သည့်အနှောက်အယှက်မျှမခံရတော့ဘဲ တစ်ညတာကို ကုန်ဆုံးသွားခဲ့တော့သည်။

ဗိုလ်ချုပ်မဟာမြတ်သည် တစ်ညလုံးဖြစ်ပျက်ခဲ့သမျှတိုက်ပွဲများကို မသိသလိုအမူအရာနှင့်ဖြစ်ပြီး အေးစက်စက်အရှိန်အဝါကိုလည်းဖြန့်ကျက်ထားသေးသည်။

သူက အချိန်ကျတာနဲ့ မိုးညိုကိုခေါ်လိုက်ကာ မြင်းကြီး၏ သက်သောင့်သက်သာရှိကာ နူးညံ့သည့်အမွှေးများနှင့်‌ကျောပေါ်သို့တက်လိုက်သည်။

"စထွက်ကြမယ်"

ဗိုလ်ချုပ်က သူ၏တပ်ဖွဲ့ကိုအားအင်အပြည့်ဖြင့် နှိုးဆော်လိုက်သည်။

ပြိုင်ဘက်ကင်းဗိုလ်ချုပ်နှင့်သူ၏ချစ်ဇနီးWhere stories live. Discover now