အပိုင်း(၁၂)
ဒေါင်းညိုဘုံပျံနတ်နန်း၊ပထမအကြိမ်စိန်ခေါ်ပွဲ။ရူလီရာအဏီရာတို့ပါ၀င်တဲ့ မြင်းလှည်းဟာ ခုံရုံးရဲပအတွင်းကို၀င်လာနဲ့ ကြီးမားသည့် စူးလစ်ချွန်းများစွာပါ၀င်သော ဘုံသုံးဆင့်အဆောင်ကြီးကို ပတ်ချာလည်၀န်းရံထားသည့် အဆောင်ငယ်များကို တွေ့လိုက်ရသည်။ မကြာမီ မြင်းလှည်းကရပ်တန့်သွားပြီး ခုံရုံး၏အစေခံများက ရူလီရာအဏီရာတို့ကို လာရောက်ကြိုဆို၏။
ဒေါင်းညိုဘုံပျံနတ်နန်း၏ပင်မဆောင်ကြီးကို ဒေါင်းတစ်ကောင်အထက်သို့တက်လှမ်းတော့မည့်ဟန် အတောင်ပံများကပြန့်ကားလျက် ခြေတစ်ဖက်ကအပေါ်သို့မြောက်သည့်ဟန်ဖြင့်ပုံဖော်ထားလေသည်။
လုထောင်မြို့၏ပင်မခုံရုံး၏ကိုယ်စားပြုသတ္တဝါသည် ခြ ေင်္သ့ဖြစ်ပြီး ပါတနာခုံရုံး၏ကိုယ်စားပြုသတ္တဝါမှာမူ ဒေါင်းညိုဖြစ်လေသည်။ နဂါးနှင့် ဖီးနှစ်ငှက် ကိုယ်စားပြုကိုမူ မြို့တော်ရှိ ဧကရာဇ်နှင့်ဧကရီ နှစ်ပါးတည်းကသာ သုံးစွဲခွင့်ရှိသည်။"ဗိုလ်ချုပ်ကတော်ကို ဒေါင်းညိုဘုံပျံနတ်နန်းမှ ကြိုဆိုပါတယ်၊ဟောဒီကသုံးဆင့်ဆောင်ကြီးက ပင်မ ဘုံပျံနတ်နန်းအဆောင်ကြီးဖြစ်ပါတယ်။ဘေးနားကအဆောင်တွေကတော့ သာမန်အရပ်သားတွေအတွက် ကျင့်ကြံရေးပို့ချအဆောင်တွေပါ"
အစေခံခေါင်းဆောင်ဖြစ်ဟန်တူသူက ၎င်းတို့၏ဘုံပျံနတ်နန်းကြီးကိုဂုဏ်ယူစွာအမွှမ်းတင်လိုသည်။လုထောင်မြို့၏ တော်၀င်ခုံရုံးတော်ပြီးလျှင် ဒုတိယအာဏာစက်အကြီးဆုံးက ဤဒေါင်းညိုဘုံပျံနတ်နန်း ဖြစ်သည်လေ။
သို့ရာတွင် ကောင်းကင်ဘုံတွင်ကြီးပြင်းလာသူ ရူလီရုအဏီရာအဖို့တော့ ဤအဆောင်ကားသာမန်မျှပင်။
ရူလီရာအဏီရာကတစ်ချက်မျှကြည့်ပြီး ခေါင်းငြိမ့်ကာ ထိုအဆောင်ပေါ်တွင် အာရုံမရှိတော့ပေ။အလားတူပင် မယ်စံသည်လည်း သူမသခင်၏ပုံအတိုင်းဖြစ်သည်။ရွှေမြို့တော်တွင် ဤအဆောင်တော်၏ ဗိသုကာနှင့်တူညီသည့် အဆောင်တော် များစွာ ပေါများလှသည်မဟုတ်လား။
အစေခံခေါင်းဆောင်သည် သာမန်အားဖြင့် "အို လှလိုက်တာကွယ်၊ ခမ်းနားလိုက်ပါဘိ၊ ညီမလေးဖြင့် ဒီလိုနေရာများ မရောက်ဖူးပါဘူး၊ လှလိုက်ပါကလား" ဟူသည့် တုံ့ပြန်ချက်များသာရရှိခဲ့သည်။အခုဟာက နည်းနည်းတော့ သာမန်ဆန်နေသလိုပဲ။
YOU ARE READING
ပြိုင်ဘက်ကင်းဗိုလ်ချုပ်နှင့်သူ၏ချစ်ဇနီး
Historical Fictionမသေမျိုးဗိုလ်ချုပ်ကြီးနှင့်သူ၏နုနယ်လှပသည့် အမျိုးသားဇနီးသည်လေးတို့ရဲ့အကြောင်း(BL) *ဤ၀တ္ထုပါ ကျင့်ကြံဆင့် တည်ဆောက်ပုံသည် တရုတ်၀တ္ထုစာစဉ် အချက်အပြုတ်နတ်ဘုရားပုဖန် မှမှီငြမ်းကိုးကားထားပါသည်။ (Ongoing Paid Group ရှိပါသည်။Telegram Acc - @Cinnamonmai ကိုဆ...