EPISODE 2

1.9K 196 3
                                    

အပိုင်း(၂)
လုထောင်မြို့သို့သွားရာလမ်း

ဝေါယာဉ်သည် ဧည့်ခန်းမဆောင်ကြီး၏အရှေ့သို့ရောက်သည်နှင့် မြေပြင်ပေါ်သို့ ‌‌ဖြေးညင်းစွာ ချခံလိုက်ရသည်။

"ဒုတိယမင်းသားရောက်ရှိကြောင်းပါ"

ဝေါယာဉ်၏ဘေးမှ အခြွေအရံမိန်းမပျိုလေးကဒူးထောက်ကာ အရှင်နှစ်ပါး နှင့် ဗိုလ်ချုပ်မဟာမြတ်အားလျှောက်ထားလေသည်။သူမကဒုတ်ိယမင်းသားနန်းဆောင်မှ အဆင့်မြင့်နန်းတွင်းသူဖြစ်ပြီး အနီရောင် ချုံလွှာနှင့်ချည်ထဘီ အပြာကို ၀တ်ဆင်ထားခဲ့သည်။

"ကောင်းပြီ၊ ဗိုလ်ချုပ်မဟာမြတ်...ငါ့ရဲ့သားတော်ကို မင်းနဲ့စိတ်ချလိုက်မယ်၊ စိတ်မပျက်စေရဖို့မျှော်လင့်တယ်"

ဧကရာဇ်က ထက်ရှလှတဲ့စကားလုံးများကို ပြတ်သားစွာပြောလိုက်ပြီး အန္တရာယ်အငွေ့အသက်တို့ကလည်း ဗိုလ်ချုပ်မဟာမြတ်အပေါ်ဖိအားပေးလျက်ရှိသည်။ဤသည်ကား ယောက္ခမတို့၏ အရှိန်အဝါတစ်မျိုးပင်ဖြစ်ရမည်။သို့ရာတွင် ဗိုလ်ချုပ်မှာမူ ၎င်းအရှိန်အဝါက သူ့အပေါ်ကို တစ်စက်မှ မသက်ရောက်သကဲ့သို့ပင် မျက်နှာသေနှင့် ခေါင်းညိတ်လေသည်။

"အဟွန်း...လီလီက နူးညံ့ပျော့ပျောင်းပြီးငြင်သာတယ်၊ တစ်ဖက်သားကိုအားနာတတ်တယ်၊ ကျွန်ုပ်နဲ့ဆန့်ကျင်ဘက်ပဲ၊ အချိန်အတိုင်းအတာတစ်ခုမှာ နားလည်လာလိမ့်မှာဆိုပေမယ့် မင်းကပဲ လီလီ့ကို ကူညီဖေးမနိုင်ဖို့မျှော်လင့်တယ်။"

ဧကရီက ဖြေးညင်းစွာပြောရင်း နဂိုတည်ရှိရာမှ လှေခါးထစ်သုံးဆင့်ကို အိန္ဒြေကြီးစွာ ဆင်းလိုက်သည်။ထို့နောက်မှ ဝေါယာဉ်အနားသို့ကပ်ကာ သားဖြစ်သူ၏ လက်လေးကို ဆုပ်ကိုင်လိုက်သည်။ ထိုအချိန်တွင် ဘေးနားမှ အခြွေအရံများက ဝေါယာဉ်၏ဘေးမှ ဖယ်ပေးလိုက်ကြပြီး ကြမ်းပြင်တွင်၀ပ်တွားလိုက်ကြသည်။

"ဂရုစိုက်ပါသားတော်၊ ‌အမြဲသတိဝီရိယရှိပြီး တစ်ပါးသူတွေရဲ့လှည့်စားမှုကိုမခံပါနဲ့၊အဏီရာသွေးနဲ့ ယာ၀သွေးတွေရဲ့မြင့်မြတ်မှုကို ဖော်ထုတ်ဖို့မမေ့ပါနဲ့ "

ဟန်ဟန်ကသားဖြစ်သူအနားသို့ကပ်ကာ ခပ်ဖွဖွလေးပြောလိုက်သည်။

ပြိုင်ဘက်ကင်းဗိုလ်ချုပ်နှင့်သူ၏ချစ်ဇနီးWhere stories live. Discover now