U
တစ်ဖက်လူက သူ့ထက် ခေါင်းတစ်လုံး ပိုမြင့်ကာ မိုးသူရဲ့ အမြင်ကနေဆို ထိုလူရဲ့ မေးရိုးထင်းထင်းနှင့် မုတ်ဆိတ်မွှေးရိပ်ထားတာကြောင့် စိမ်းနေသည့် ပါးပြင်နှင့် မေးရိုးကို မြင်နေရသည်။ တစ်ဖက်လူက ငုံ့ကြည့်လာပြီး ပြုံးလိုက်ကာ သူဝတ်ထားတဲ့ ရှပ်အင်္ကျီကို ချွတ်လိုက်ပြီး မိုးသူခါးမှာ ဝတ်ပေးလိုက်ကာ
"ဘောင်းဘီပေနေလို့"
မိုးသူ ဖျန်းဆို ရှက်စိတ် တရိပ်ရိပ်တက်လာပြီး တစ်ကိုယ်လုံး နီရဲတွတ်သွားတော့သည်။ သူညနေ သူဝတ်ထားတာက ဆင်စွယ်ရောင် ဘောင်းဘီ။ ညအမှောင်မှာတောင် အထင်းသား မြင်နေရမှာ သေချာသည်။ သူခဏက ထိုလူ အပြုမူကို စဉ်းစားကြည့်ပြီး နောက်လှည့်ကြည့်လိုက်တော့ ကွမ်းဂျိုးနီနီရဲနှင့် အရက်သေစာ သောက်စားထားဟန်ရှိသော လူတစ်စုက သူတို့ကို ပြောင်ပြောင်တင်းတင်း ကြည့်ပြီး သူတို့အချင်းချင်း ပြန်ပြောကာ တဟားဟား ရီနေကြသည်။
မိုးသူ ဒေါသလဲ ထွက်သွားသလို ဒီနေ့ သူ့ရာသီသွေးဆင်းတဲ့ရက် မဟုတ်ဘဲ ရုတ်တရက်ကြီး ဖြစ်လာရတဲ့ ကိစ္စကိုလဲ စိတ်တိုသွားရသည်။ အဲလိုမှန်းသိရင် သူ pad ခံဝတ်လာတယ်လို့။ သူ့ခါးက အင်္ကျီကို ခပ်တင်းတင်းကိုင်ကာ ကူညီလာသူကို ကျေးဇူးတင်စကားပြောလိုက်သည်။
"ကျေးဇူးပါနော်"
"ရတယ် ၊နောက်ဆို ထိုင်ထတာ သတိထားပေါ့။ ကွမ်းသွေးပေါ် ထိုင်မိတာ ထင်တယ်၊အဝတ်စားလဲလိုက်ပါလား။ အာဒါနဲ့ အရင်က မမြင်ဖူးဘူးနော်၊ တခြားရွာကလား""နေ့လယ်ကမှ မြို့ကရောက်တာ"
"မြို့က လား။ ဒါဆို ကျောင်းလာဆောက်တဲ့ အဖွဲ့ကလား။ နေရာချပေးထားတဲ့ အိမ်ထိ အဝတ်စားပြန်လဲဖို့ဆို ဝေးတယ် ။ ကိုယ့်အိမ်က ဒီနားလေးတင်။ စိတ်မရှိရင် ကိုယ့်အဝတ်စား ယူဝတ်လို့ရတယ်"
မိုးသူ ကျေးဇူးတင်လိုက်ပြီး လက်ခံလိုက်သည်။ ခက်တာက သူ့မှာ pad လိုသည်။ တစ်ဖက်လူကို ခုမှသိတာ pad ရှိလား မေးလို့ နှာဘူးထင်သွားရင် ဒုက္ခ။
အတွေးတွေနဲ့ပင် ထိုသူအိမ်သို့ ရောက်သွားပြီး ထိုသူက ပုဆိုးနှင့် ဘောင်းဘီထုတ်ပေးကာ သူ့အခန်းကို ညွှန်ပြပြီး အခန်းထဲမှာ အဝတ်သွားလဲဖို့ ဆိုသည်။
"ဘောင်းဘီတွေက အသစ်တွေဗျ။ မြို့တက်ရင် ဝတ်ဖို့ ဝယ်ထားတာ မဝတ်ရသေးဘူး"
မိုးသူ အဝတ်ကိုယူကာ အခန်းထဲ ဝင်ခဲ့ပေမယ့် အဝတ်စား မလဲနိုင်။ pad မရှိရင် လဲလဲ ပြန်ပေမှာကို။ အစထဲက ကိုယ့်နေရာကို ပြန်လိုက်ရင် ပြီးပြီဆိုပြီး စိတ်ထဲကသာ ကြိတ်ဆူမိသည်။ မထူးတော့ဘူးဆိုကာ အခန်းပြင်ကို ခေါင်းလေးထုတ်ကာ