U
မနက်ကျတော့ နိုင်အောင်က စက်ဘီးလေးဖြင့် မိုးသူကို သူတို့နေရာသို့ ပြန်လိုက်ပို့ပေးပြီး ညနေကျ လာတွေ့မည်ပြောပြီး ပြန်သွားတော့သည်။ မိုးသူမှာ အမ်းဟုသာ အဖြေပြန်ပေးပြီး သူ့အခန်းသို့ အမြန်ပြန်ပြေးခဲ့တော့သည်။ ပထမဆုံးအကြိမ် ချစ်ဖို့ ကြိုးစားခြင်းနှင့် ပထမဆုံးအကြိမ် လိင်ဆက်ဆံပြီး သာယာထားလေရာ မိုးသူမှာ ဘယ်သူကြည့်ကြည့် ကြွေရုပ်လေးလို လှပြီး ပန်းနုရောင်လေးပြေးကာ မျက်စိထဲ ပန်းရောင်လေထုတွေ သမ်းနေတော့သည်။
မိုးသူတို့ ဒီရွာကို ရောက်နေတာက အလယ်တန်းထိသာ ရှိတဲ့ ရွာလေးမလို့ အထက်တန်းကျောင်း ဆောက်လုပ်ပေးရန် ရောက်နေခြင်းပင်။ ရွာသူကြီးတွေ ရပ်ရွာက လူကြီးတွေနှင့် ရွာဦးဇင်းတွေ အားလုံး စုပေါင်းတိုင်ပင်ကာ နေရာကောင်း ရွေးလိုက်ကြပြီး ရွာတောင်ဘက်က လယ်ကွက်မြေတွေမှာ ကျောင်းဆောက်ဖို့ရာ ဖြစ်လာခဲ့သည်။ အခုက မိုးအကုန် ဆောင်းတွင်းဖြစ်နေလေရာ စပါးပင်များလဲ ရိပ်သိမ်းပြီးဖြစ်၍ ကောက်ရိုးပုံကြီးတွေကလွဲ ဘာမှ မရှိလေရာ မြေပိုင်ရှင်များမှာလဲ သတ်မှတ်ထားတဲ့ ငွေကြေးပြန်လည် ပေးအပ်လိုက်ရာ အရာအားလုံးက ချောချောမွေ့မွေ့ပြီးဆုံးသွားတော့သည်။
နေရာရွေးပြီး ဆွေးနွေးပြီးတော့ မိုးသူ သူတို့အတွက် ပေးထားတဲ့ နေအိမ်ပြန်ပြီး ရေမိုးချိုးကာ ထူးထူးဆန်းဆန်း ရေမွှေးတွေ စွတ်ပြီး ဆံပင်ကိုပင် တသသနှင့် ဖြစ်နေရသည်။ တခြားလူတွေက မြင်တော့ ရီကာ
"မိုးသူတို့များ ညက ရွာထဲက ကဝေမလေးနဲ့ တွေ့ခဲ့ပြီထင်တယ်။ ပြင်နေလိုက်တာများ ၊ သတိထားနော် ကဝေမလေးတွေက အသဲနှိုက်စားသွားမယ်ဗျ"မိုးသူ ရှက်ရှက်နှင့် ရီကာ
"မဟုတ်ပါဘူး၊ ဒီတိုင်းအသိပါပဲ"
"ကြည့် တွေ့လား၊ ပြန်ဖြေတာကိုက ရှက်နေတဲ့ ပုံကြီးနဲ့"မိုးသူ ဘာမှမပြောဘဲ ရီကာ အပြင်ထွက်ပြီး သူတို့နားတဲ့ အိမ်ရှေ့က စိန်ပန်းပင်ကြီးအောက်သာ သွားထိုင်နေမိသည်။ ခဏကြာတော့ စက်ဘီးသံလေး ကလင်ကလင်ဖြင့် နိုင်အောင်က ရောက်လာတော့သည်။ မိုးသူ ဆံပင်ကို မသိလိုက်ဘဲ ဆော့ကစားနေမိကာ နိုင်အောင်စက်ဘီးနောက် ဝင်ထိုင်လိုက်သည်။
"သေချာဖက်ဗျ အချစ်ရ။ ကိုယ့်ခါးကိုဖက်ထား"