U
ကားလေးက ၂ထပ်တိုက်အိမ်လှလှလေးရှေ့မှာ ရပ်တန့်သွားတော့ နိုင်အောင်မှာ ခြေမကိုင်မိလက်မကိုင်မိဖြင့် သူ့ပုဆိုးကို လုံးချေနေမိသည်။
"လာပါ နိုင်ရဲ့၊ ပြောပြီးပြီလေ၊ အဖေနဲ့အမေက သဘောကောင်းပါတယ်ဆို"နိုင်အောင်မှာ သူ့အဝတ်ထုတ်ကို မကာ မိုးသူအဝတ်အိတ်ကို ဆွဲလိုက်ပြီး အိမ်ထဲသို့ တစ်လှမ်းခြင်းဆီ ဝင်လိုက်သည်။ ကောင်းပြီလေ ဘာဖြစ်ဖြစ် ရင်ဆိုင်ကြတာပေါ့။
ကြိုတင် အကြောင်းကြားထားတာကြောင့် မိုးသူမိဘတွေက ဧည့်ခန်းထက် စောင့်နေကာ နိုင်အောင်ဝင်သွားသည်နှင့် မျက်လုံးလေးလုံးက သူ့ဆီစူးစိုက်ကြည့်လာသည်။
နိုင်အောင် ရှေ့ဆက်သွားကာ ဧည့်ခန်းကြမ်းပြင်ထက်က ကောဇောမှာ ဝင်ထိုင်မယ်လုပ်တော့ မိုးသူက ပြန်ဆွဲကာ ထိုင်ခုံထက် ထိုင်စေပြီး
"အမေ ၊အဖေ၊ ဒါ သားရဲ့ အမျိုးသား။ နိုင်အောင်တဲ့။ အသက် ၂၀ရှိပြီ"ကောင်လေးတောင် မဟုတ်ဘဲ အမျိုးသားလို့ သုံးနှုန်းသွားရာ မိဘနှစ်ပါးမှာ သွေးတက်ပြီး နားထင်ကို နှိပ်လိုက်မိတော့သည်။
"သားရဲ့၊ သေချာရဲ့လား"
"အွန်း၊ သားမှာ ကိုယ်ဝန်ရှိနေပြီရယ် ၊ အဲတော့ အမျိုးသားလို့ပဲ သုံးရမှာပေါ့"ကိုယ်ဝန်ဆိုသော စကားမှာ မိဘနှစ်ပါးမှာ ရင်ဘတ်ကို ဖိပြီး
"ပြန်ပြောပါဦး၊ ဘာ..ဘာရှိတာ"
"သားမှာ ကိုယ်ဝန် ၂လရှိနေပြီလို့"အဖေဖြစ်သူမှာ နှုတ်ခမ်းကြီး တွန့်ကွေးလာကာ ထအော်တော့သည်။
"မင်းသွားတာ ၂လထဲလေကွ!!"နိုင်အောင်မှာ ခေါင်းငုံ့လိုက်ပြီး မိုးသူမှာလဲ နားရွက်ဖျားလေးတွေ ရဲတွတ်သွားတော့သည်။
ရောက်ရောက်ခြင်း ညမှာတင် မိုးသူ ရာသီသွေးဆင်းခဲ့ပြီး ထိုညမှာတင် သူတို့ အတူနေခဲ့ကြတာကိုးလို့။"အလုပ် ၂လသွားလုပ်တာ ဗိုက်ထဲ ၂လသားကလေး ပါလာတာကြီးက"
အမေဖြစ်သူမှာ ခေါင်းတခါခါဖြင့် မိုးသူကို ကြည့်ကာ
"အေးအေး လုပ် လုပ်။ စိတ်ကြိုက်သာလုပ်။ ဘာမှ မပြောချင်တော့ဘူး။ မင်္ဂလာဆောင် လုပ်ဦးမှာလား"
"မလုပ်ချင်ဘူးအမေ"