15

13.7K 125 1
                                    

U

"ကလေး ငယ်သေးတယ်လေ သားတို့ရဲ့၊ နည်းနည်း ကြီးမှ သွားပါလားကွယ်"

နိုင်အောင်က ငါးလအရွယ် နိုင်ဝသုန်မိုးကို ပွေ့ချီထားရင်း
"စိတ်ချပါ အမေ။ သား ၂ယောက်လုံးကို သေချာဂရုစိုက်ပါ့မယ်။ ဘာမှ မဖြစ်စေရဘဲ အကောင်းတိုင်း ပြန်ခေါ်လာမှာပါ အမေရဲ့။ အရမ်းလဲ မဝေးတာကို"
"တားမရတော့လဲ သွား သွား"

ဤသို့ဖြင့် မိုးသူနှင့် နိုင်အောင်တို့ရဲ့ ဟန်းနီးမွန်း ခရီးဟာ အစပြုခဲ့သည်။ ဦးတည်ရာအရပ်က တခြားမဟုတ်။ နိုင်အောင်ရဲ့ ရွာကိုသာ။ မိုးသူက အဝေးကြီးမသွားချင်ဘဲ ရွာကိုပဲ ပြန်ရအောင် ဆိုသဖြင့် ဤခရီးဖြစ်လာခြင်းပင်။

ရွာရောက်တော့ နေ့လည်ရောက်နေကာ တစ်ဝကြီးနားပြီး ညနေစာ စားကာ ရေပူစမ်းသို့ ထွက်ခဲ့သည်။ နိုင်အောင်က ကလေးလှည်းကို သယ်ကာ တောလမ်းဖြစ်သဖြင့် တွန်းမရ။ ရေပူစမ်းဘေးရောက်တော့ ကလေးကို ဘေးဘီ မသွားရလေအောင် သေချာလှည်းထဲထည့် ၊ဘီးမလှိမ့်အောင်လုပ် ၊ပြုတ်မကျအောင်ျအောင် သေချာလုပ်ပေးပြီးမှ နှစ်ဦးသား ရေပူစမ်းထဲသို့ ခုန်ချလိုက်တော့သည်။ ကားစီးလာသဖြင့် ညောင်းညာနေသော ခန္ဓာကိုယ်မှာ ရေနွေးနွေးဖြင့် ထိတွေ့ပြီး အကြောချင်တွေကို သက်သာလို့သွားသည်။
မိုးသူကို နိုင်အောင်က ရေအောက်သို့ ဆွဲချလိုက်ပြီး နမ်းလိုက်သည်။ နှစ်ဦးသား ရေအောက်ထဲ အတန်ကြာ နမ်းရှိုက်ပြီး အသက်ရှူကြပ်လာကာမှ ရေပေါ် ပြန်တက်လာတော့ မိဘ၂ပါးပျောက်သွားလို့ မျက်လုံးဝိုင်းကြီးဖြင့် ငိုမဲ့မဲ့လေး ကန်ရေပြင်ကို လိုက်ကြည့်နေသော သားဖြစ်သူနှင့် တိုးသည်။ ၂ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရီကာ သားအနားသွားပြီး ချော့မြူလိုက်တော့ နိုင်ဝသုန်မိုးမှာ တခစ်ခစ်ရီပြီး ဝူးဝူးဝါးဝါးဖြင့် တစ်ယောက်ထဲ ဆော့နေတော့သည်။

နိုင်အောင်က မိုးသူကို နောက်ကဖက်ပြီး ဂုတ်ပိုးတွေကို လိုက်နမ်းကာ လက်တွေကလဲ မိုးသူဘောင်းဘီခါးပတ်ပေါ် ရောက်လာသည်။
"နိုင် ..သားရှိတယ်လေ"
"သားက ငယ်သေးတယ်၊ မမှတ်မိဘူး၊ လုပ်ပါ အချစ်ရာ၊ ကိုယ် မာနေပြီ"

ချစ်သောသူ (Complete)Where stories live. Discover now