Part - 1

331 41 4
                                    

တစ်ချက်ချက်ရွေ့နေသောနာရီသံသည်သာတိတ်ဆိတ်နေသောအဖြူရောင်ဆေးရုံခန်းအတွင်းပျံ့နှံ့လျက်
အသက်အရွယ်ကြောင့်မျက်နှာမှာအရေးအကြောင်းများပေါ်နေသည်တိုင်အပြုံးတို့ကလတ်ဆက်နေခဲ့သည် ။ အညိုရောင်သားရေအဖုံးဖြင့်ဖုံးထားသောခပ်ဟောင်းဟောင်း
ဒိုင်ယာရီတစ်အုပ်လေးတစ်ခုကတော့‌ ဆေးပိုက်များတပ်ထားသောသူ၏လက်ထဲ၌ခပ်ဖွဖွကိုင်ထားရင်း
အချို့သောစာရွက်တွေကတော့ဆုပ်ဖြဲခံထားရပြီး သကြားလုံးခွံအချို့ကိုညှပ်ထားသည်
အချိန်အတော်ကြာပြီဖြစ်ကြောင်းကို အခုနောက်ပိုင်းတွေထပ်မတွေ့ရသောတံဆိပ်ဖြင့်သကြားလုံးအခွံလေးများကသက်သေပြနေတော့၏
ဂျိုရှူအာကတော့ ထိုဆုပ်ဖြဲထားတဲ့စာအုပ်မှအပိုင်းအစမှတ်ဉာဏ်များကိုရော သကြားလုံးခွံများနှင့်ပတ်သက်သည့်အကြောင်းအရာများကိုပါပုံဖော်၍မရပေ

" တကယ်မမှတ်မိတော့တာပဲ "
ဂျိုရှူအာခပ်တိုးတိုးသာရေရွတ်လျက်စာအုပ်လေးကိုခပ်ဖွဖွပြန်ပိတ်လိုက်တော့သည် ။
သကြားလုံးအခွံလေးကိုတော့လက်ထဲဆုပ်ကိုင်ထားလျက်
ဂျိုရှူအာသိပါ၏ ဒါသူဘဝရဲ့နောက်ဆုံးအချိန်ဆိုတာ
ဂျိုရှူအာဘဝကိုအကောင်းဆုံးဖြတ်သန်းခဲ့ပြီးပြီပဲ သေဆုံးသွားရင်တောင်သူ့အတွက်နောင်တရစရာမရှိပေ
သူရေးချင်ခဲ့တဲ့ပန်းချီတိုင်းကိုလည်းရေးဆွဲနိုင်ခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့လည်းလက်ထပ်ဖြစ်ကာ မြေးတွေပါရခဲ့သည်
ချစ်လို့လက်ထပ်ခဲ့တဲ့အမျိုးသမီးတော့
တော့မဟုတ်ပေမယ့်အနည်းဆုံးသူမိသားစုလေးတစ်ခုတော့ရှိခဲ့သည်
ဒါပေမယ့်လည်း Accident ဖြစ်ပြီးပျောက်ဆုံးသွားခဲ့သောမှတ်ဉာဏ်အချို့ကိုတော့နှမြောမိပါရဲ့ အခုလိုနောက်ဆုံး
အချိန်မှာတောင်သူဘာကိုမှသတိရမနေတော့တာ သူဒီလောကကြီးထဲကထွက်သွားရရင်အပြီးအပိုင်ပျောက်ကွယ်သွားမှာလေ
သူ့ရဲ့ပျောက်ဆုံးခဲ့တဲ့မှတ်ဉာဏ်အပိုင်းအစလေးတွေက အရမ်းပျော်ရွှင်စရာကောင်းမနေဖို့တော့မျှော်လင့်ပါတယ်

" မဟုတ်ရင်အရမ်းနှမြောစရာ
ကောင်းနေမိမှာ "
ဂျိုရှူအာသကြားလုံးခွံလေးများကိုဆုပ်ကိုင်ထားရင်းပင်လေးလံလာသောမျက်ခွံကြောင့်
ခပ်ယဲ့ယဲ့လေးပြုံးလိုက်တော့၏ ။ ရင်ဘက်ထဲ၌တင်းကြပ်လာမှုသည်လည်းထိုးတက်လာလျက် ။
ဒါနောက်ဆုံးအချိန်ပဲ
နာရီလက်တံမှစက္ကန့်တံလေးရပ်သွားသည့်နှင့်ပြတင်း‌ပေါက်နားမှဝှီးချဲတွင်ထိုင်နေသောအဖိုးအို၏ဝင်သက်ထွက်သက်သည်လည်းငြိမ်သက်သွားရင်း
အဖြူရောင်အခန်းလေးသည်လည်းတိတ်ဆိတ်သွားလျက်

ပျောက်ဆုံးသွားသောအပိုင်းအစများ ( Missing Pieces )Where stories live. Discover now