" ယွန်းဂျောင်ဟန် "
မျက်ခုံးတန်းတန်းနှစ်ခုကိုအတန်ငယ်တွန့်ချိုးကာကြည့်လာသောသူကိုဂျိုရှူအာတစ်ဖန်ပြန်ကြည့်နေမိပါ၏ ။ တကယ်ပဲဂျောင်ဟန်လား
မိုးရေစက်တို့ကစိုရွှဲအောင်ကျနေသည်မို့
ဂျိုရှူအာထီးကိုထိုကောင်လေးပေါ်သို့တွေဝေခြင်းမရှိစွာအုပ်မိုးပေးလိုက်သည် ။
အနီးကပ်ကြည့်မှပိုမြင်ရသည်မှာအောက်နှုတ်ခမ်းပါးပါးထက်တွင်လည်းသံကွင်းလိုအရာလေးဖောက်ထားသေးလျက်" ကျုပ်ကသူမဟုတ်ဘူး ကျုပ်နာမည် ဂျေ "
တုန့်ပြန်လာသောအသံကခပ်မာမာဖြစ်သော်လည်း လူတစ်ယောက်ကိုမခွဲနိုင်တဲ့အထိဂျိုရှူအာမူးနေတာလည်းမဟုတ်သလိုအမြင်လည်းမမှားနိုင်ပါ" ဒါဆိုမင်းကယွန်းဂျောင်ဟန်မဟုတ်ဘူးပေါ့ "
" ဘာလို့ထီးလာမိုးပေးနေတာလဲ "
ဂျိုရှူအာ၏အမေးစကားကိုမေးခွန်းဖြင့်သာပြန်ထပ်လာသောသူပင်" ဒီပုံအတိုင်းဆိုဖျားလိမ့်မယ် "
" စိတ်ပူတာလား "
ခပ်ဟဟရယ်ကာရေစိုနေသောနဖူးထက်မှဆံစတို့ကိုသပ်တင်လိုက်သည်မို့မျက်နှာရှင်းရှင်းလေးကပိုပေါ်လာတော့သည် ။" အိမ်ပြန်သင့်ပြီ "
သူတို့နှစ်ယောက်ရဲ့စကားဝိုင်းကသူပြောချင်ရာပြောကိုယ်ပြောချင်ရောပြောဖြစ်နေသည်မို့အခြေအနေကကြောင်တောင်တောင်နိုင်လှသည် ။ ဂျောင်ဟန်နှင့်ခွဲရမအောင်တူတဲ့
သူ့ကိုယ်သူဂျေဟုဆိုလာသောကောင်လေးက
လည်းသူ့ရဲ့မေးခွန်းတွေကိုမဖြေသလို သူလည်းထိုကောင်လေးရဲ့မေးခွန်းတွေအတွက်ဖြေစရာအဖြေရှိမနေ
သူဘယ်လိုဖြေရမလဲ
" ဟုတ်တယ် ငါမင်းကိုစိတ်ပူလို့ " လို့ပဲဖြေရမှာလား ပိုပြီးကြောင်တောင်တောင်ဖြစ်သွားနိုင်တယ်မလား
ဂျိုရှူအာအတွေးမဆုံးမီပင်ကောင်လေးကထပ်ပြောလာခဲ့တော့သည်" ခင်ဗျားမျက်ဝန်းတွေကိုသဘောကျတယ် "
ဂျိုရှူအာဘာမှထပ်မပြောရသေးမီအချိန်တွင်ပင်ဆိုင်ကယ်ပေါ်သွားပြန်တက်ကာဂျိုရှူအာကို wink တစ်ချက်လုပ်ပြသွားလေသည် ။
မျက်စိရှေ့မှဆိုင်ကယ်လည်းပျောက်သွားသည်အထိဂျိုရှူအာတစ်ဆုံးလိုက်ကြည့်ရင်းတစ်စတစ်စရှုပ်ထွေးလာသောအတွေးတို့ကိုတော့ရပ်တန့်လိုက်လျက် ကားပေါ်သို့သာပြန်လာခဲ့တော့သည် ။ သူလည်းမိုးရွာထဲအကြာကြီးရပ်ရသည်မို့အေးနေပြီဖြစ်တာကြောင့်
YOU ARE READING
ပျောက်ဆုံးသွားသောအပိုင်းအစများ ( Missing Pieces )
Fanfictionပျောက်ဆုံးနေတဲ့အပိုင်းအစတွေထဲမှာတစ်စုံတစ်ယောက်ကအမြဲတမ်းလွှမ်းမိုးနေခဲ့တာ ပြီးတော့သူက ကျွန်တော့် နှလုံးသားရဲ့ခပ်နက်နက် တစ်နေရာမှာပုန်းကွယ်နေခဲ့တာ နှစ်တွေအကြာကြီး - Joshua Hong -