Part - 4

206 32 13
                                    


"မငိုနဲ့တော့နော် တော်ပြီ မျက်လုံးတွေနာမယ်"
မျက်မှန်လေးကိုပါဆွဲချွတ်ကာလက်ဖြင့်မျက်ရည်များကိုဖိသုတ်နေသည်။ ဂျိုရှူအာလည်းဂျောင်ဟန်၏လက်လေးများကိုဆွဲလိုက်ကာ သူကိုယ်တိုင်သာပါးပြင်မှမျက်ရည်စီးကြောင်းတို့ကိုခပ်ဖွဖွဖိသုတ်ပေးနေတော့၏ ။

" ကိုယ်မအော်လိုက်မိသင့်တာပါ နော် ဂျောင်ဟာနီး "
ဂျိုရှူအာမှာအငိုသန်သောကောင်လေးကိုစိတ်ရှည်လက်ရှည်ဖြင့် အငိုတိတ်သည်အထိ
ချော့နေရင်း ။ ကောင်လေးအငိုတိတ်သွားမှသာဂျိုရှူအာ ဆေးထည့်ပေးရန်နှင့်ချော့မေးရန်တွေးထားတော့သည်

" ကိုယ်ဆေးသွားဝယ်လိုက်ဦးမယ် ဒီမှာခဏစောင့်နေနော် "
ဂျိုရှူအာလိုအပ်သည်များကိုဝယ်ကာကောင်လေးဆီသို့သာမြန်မြန်ပြေးသွားလိုက်တော့သည် ။ လိမ္မာတဲ့ကောင်လေးကတော့ဂျိုရှူအာထားခဲ့သည့်နေရာတွင်သာငြိမ်ငြိမ်လေးထိုင်ကာစောင့်နေ၏

" လက်ပေး "
ဂျောင်ဟန်၏လက်ဖြူဖြူသေးသေးမှာနဂိုထက်ပိုပိန်သွားသလိုပင် အစားရော‌စားရဲ့လားဒီကောင်လေး
အရင်ဆုံးရင်းနေတဲ့ဒဏ်ရာကိုပိုးမဝင်စေရန်အရက်ပျံဖြင့်သုတ်ကာသန့်စင်ပေး၏
တစ်ချက်တစ်ချက်တုန်သွားသောခန္ဓာကိုယ်လေးကြောင့် အနာသက်သာစေရန်ဂျိုရှူအာ
လေအေးအေးလေးဖြင့်မှုတ်ပေးရန်လည်းမမေ့ပေ ။
အဆုံးသတ်အနေဖြင့်တော့အရုပ်ကလေးများပါတဲ့ပန်းရောင်ပလာစတာဖြင့်ကပ်ပေးလိုက်သည်

" အခြားနေရာတွေရော ဒဏ်ရာတွေရှိသေးလား "

" အင်း "
လည်ပင်းအနားကဒဏ်ရာတွေမှာတော့ရင်းနေသည်မဟုတ်ဘဲယောင်နေတာသာဖြစ်လို့ဂျိုရှူအာမတူတဲ့ဆေးဝယ်လာခြင်းသာ

" ကျန်တာက အိမ်ရောက်ရင်ဒီဆေးလေးတွေလိမ်းပေးနော် ဒါကအယောင်သက်သာတယ်
ဆေးလည်းသောက်ပေးအဖျားပျောက်ဆေးလည်းပါတယ်
ပြီးတော့ဒီအဖြူလေးက အနာရွတ်ပျောက်ဆေး "
‌ဂျိုရှူအာဆေးများကိုသေချာရှင်းပြကာဂျောင်ဟန်၏မီးခိုးရောင်ကျောပိုးအိတ်ထဲသို့ထည့်ပေးလိုက်သည် ။ ဆေးတွေကများပေမယ့် သေချာတော့မှတ်မိလောက်မှာပါ

" ဘယ်လိုဖြစ်လာတာလဲ ကိုယ့်ကိုပြောပြချင်လား "

" ဟင့်အင်း "
ဂျိုရှူအာအတင်းလည်းဖိအားမပေးချင်တာကြောင့်စကားလမ်းကြောင်းလွှဲရန်သာဆုံးဖြတ်လိုက်တော့သည် ။ ဂျောင်ဟန်မပြောပြချင်သည့်အကြောင်းအရာကိုသူလည်းအတင်းမမေးလို၍ တစ်ယောက်ယောက်များအနိုင်ကျင့်လိုက်တာလား

ပျောက်ဆုံးသွားသောအပိုင်းအစများ ( Missing Pieces )Where stories live. Discover now