ဂျိုရှူအာအခုထိအသိစိတ်များကိုစုစည်းလို့မရသေးပေ ။ လက်ထဲ၌လည်းဆေးပိုက်တန်းလန်းဖြင့်ကိုဆေးရုံကကုတင်ပေါ်တွင်လည်းမလဲလျောင်းနိုင်" လူနာနာမည်က ဂျိုရှူအာနော် "
" ဟုတ်ကဲ့ ဂျိုရှူအာဟုန်းပါ "
" ဟုတ်ပြီ "
" ဒါနဲ့ကျွန်တော်နဲ့အတူရှိနေတဲ့ကောင်လေးရော "
" ကောင်လေးကတော့လူနာကိုပို့ပြီးတာနဲ့ပြန်ထွက်သွားတယ် လူနာရှင်နေရာမှာတော့လက်မှတ်ထိုးပေးသွားတယ်ရယ် ခဏနေဆေးကုန်သွားရင်တစ်ချက်ဆရာမတွေကိုခေါ်ပေးနော် "
သူနာပြုမလေးကတော့ drip ချိတ်ပေးပြီးပြန်ထွက်သွားတော့သည် ။အဲဒီ့ညကအဖြစ်အပျက်ကိုဂျိုရှူအာခေါင်းထဲ၌မေ့မရဖြစ်နေတော့သည်
ပြောင်းလဲသွားတဲ့ဂျောင်ဟန့်ရဲ့ပုံစံကိုသေချာပေါက်ကိုဂျေဖြစ်နေခဲ့တာ
ဂျေပဲသေချာတယ် ဒါဆိုဂျောင်ဟန်ဟာနီးရောဂျေဆိုတာကရော ..
သူ့ကိုသဘောကျပါတယ်ဆိုတဲ့ဂျစ်ကန်ကန်ကောင်လေးဂျေကလေ
ဂျိုရှူအာ၏အတွေးများမှာပိုမိုရှုပ်ထွေးလာကာ
အတိတ်ဘဝကသူကရောဒီလိုအခြေအနေကိုဘယ်လိုများနားလည်အောင်လုပ်ခဲ့လည်းမသိတော့ သေချာတာတစ်ခုကတော့ဂျေနဲ့ဂျောင်ဟန်ကတစ်ယောက်တည်းဖြစ်နေတာပင်...........................................
ဆေးရုံမှာသုံးလေးရက်လောက်
ထပ်နေခဲ့ရပြီးနောက်ဂျိုရှူအာဆေးရုံမှဆင်းခွင့်ရခဲ့သည် ။ ဆေးရုံတက်ရတာရော မည်သည့်အကြောင်းကိုမှမာမီတို့ကိုလည်းအသိမပေးထားမိ။ ဒါကြောင့်ကိုယ့်ဘာသာပဲဆေးရုံဆင်းလာလိုက်တော့သည် ။ ဒဏ်ရာကလည်းသိပ်မပြင်းထန်တာတာကြောင့် သူလည်းတော်တော်လေးသက်သာနေပြီဖြစ်၏
အိမ်ပြန်ရောက်တာနှင့်သူလူရိပ်မမြင်ရသောခြံကြီးကိုတစ်ချက်ကြည့်ပြီးကာ
အချက်အလက်တို့ကိုစတင်ရှာဖွေတော့သည် ။" Dissociative identity disorder? လူတစ်ယောက်တည်းကနေ personal အမျိုးမျိုးကွဲထွက်နေတာမလား "
ထိုအရာနှင့်ပတ်သက်သည့် sign နှင့် symptoms များကသူမြင်တွေ့ရသည့်လူနှစ်ယောက်၏ပုံစံနှင့်တော်တော်လေးဆင်တူနေ၏
အဲဒီ့နောက် သူ၏လက်ချောင်းတို့ကkeyboardပေါ်တွင်သာခပ်မြန်မြန်ပြေးလွှားနေပြီးအာရုံနှစ်ထားမိသည်မှာအပြင်မှတံခါးခေါက်သံကိုတိုးတိုးကိုမကြားမီချိန်ထိ
YOU ARE READING
ပျောက်ဆုံးသွားသောအပိုင်းအစများ ( Missing Pieces )
Fanfictionပျောက်ဆုံးနေတဲ့အပိုင်းအစတွေထဲမှာတစ်စုံတစ်ယောက်ကအမြဲတမ်းလွှမ်းမိုးနေခဲ့တာ ပြီးတော့သူက ကျွန်တော့် နှလုံးသားရဲ့ခပ်နက်နက် တစ်နေရာမှာပုန်းကွယ်နေခဲ့တာ နှစ်တွေအကြာကြီး - Joshua Hong -