ဒီအရာတွေအားလုံးဟာဘယ်ကနေစတင်ခဲ့လဲ ဂျောင်ဟန်မသိတော့သတိထားမိတဲ့အချိန်မှာပင်သူကအမှောင်ထဲကိုရောက်နှင့်နေပြီ စိုစွတ်တယ် ပြီးတော့အေးစက်တယ်
အသက်ရှူဖို့တောင်သိပ်ကိုမွန်းကြပ်လွန်းတယ်" သူဌေးရောက်ပါပြီ "
" အင်း "
တည်တင်းနေသောမျက်နှာပေါ်တွင်ရှိနေတဲ့ရွှေရောင်မျက်မှန်မှာထိုသူ၏အနည်းငယ်ချောင်ကျနေသောပါးရိုးတို့ကိုဖုံးပေးထားလျက် ။
ထို့နောက်ဆေးဘူးအဖြူလေးထဲမှအဖြူရောင်ဆေးလုံး၇လုံးလောက်ကိုမျိုချလိုက်ကာ အသင့်ဖွင့်ပေးလာသောကားတံခါးမှဆင်းရန်ခြေချလိုက်၏ ။ ကားပေါ်မှဆင်းဆင်းချင်းပင်သူ၏ဖိနပ်ကိုလာထိသောဘောလုံးကြောင့်အလိုမကျစွာမျက်စိရှေ့မှကောင်လေးကိုကြည့်လိုက်သည် ။" တောင်းပန်ပါတယ် "
ဒိုယောင်းကန်လိုက်တဲ့ဘောလုံးကအရှိန်ပြင်းတာကြောင့် ဂေဟာသို့လာသောဦးလေး၏ပြောင်လက်နေသောဖိနပ်တွင်ဗွက်တို့ကိုစွန်းပေသွားတော့၏။ ဘောလုံးကျရောက်ရန်အလှည့်ကျတဲ့သူကပဲတောင်းပန်လိုက်ရသည် ။
တန်ဖိုးကြီးပုံရသောဖိနပ်မှာခေါင်းငုံ့ကာတောင်းပန်စကားဆိုနေသော
သူ၏အရိပ်ကိုပြန်မြင်နေရသည်အထိတောက်ပြောင်နေလျက် ။" ဂျောင်ဟန် Hyung မြန်မြန်လာလို့ "
ထိုသူကတော့အော်ခေါ်လာသော
ကလေး၏နောက်သို့ဘောလုံးလေး
ပိုက်ကာလိုက်သွားသောကောင်လေးကိုမျက်စိတစ်ဆုံးလိုက်ကြည့်နေမိတော့၏ ။
ထို့နောက်အနည်းငယ်ပြုံးရိပ်သမ်းလာကာ" ဂျောင်ဟန်တဲ့ "
.................................
" ဂျောင်ဟန် သားလေးကိုသူဌေးတစ်ယောက်ကမွေးစားချင်လို့တဲ့ "
အန်တီ၏အသံမှာဝမ်းသာမှုအပြည့်ဖြင့်" တကယ်လားဟင် ဒါပေမယ့်အန်တီတို့နဲ့မတွေ့ရတော့ဘူးပေါ့ "
" အန်တီတို့ကိုကနောက်လာတွေ့ပေါ့ ကလေးရဲ့ သားလေးအနာဂတ်ကအရမ်းကိုကောင်းသွားတော့မှာ ဟိုမှာသူဌေးရဲ့စကားကိုနားထောင်ပြီးလိမ်လိမ်မာမာနေရမယ်နော်"
" အန်တီပြောထားသမျှကိုသားအကုန်မှတ်မိပါတယ် လိမ်လိမ်မာမာနေပြီးစာကြိုးစားဖို့ကိုရော "
ထိုအခါမှအန်တီကစိတ်ချသွားဟန်ဖြင့်ဂျောင်ဟန်၏ဂုတ်ထောက်နေသောဆံပင်လေးကိုခပ်ဖွဖွသပ်ပေးလိုက်တော့၏ သူမတို့လိုနယ်မြို့လေးကဂေဟာလေးမှာသူဌေးအိမ်၌မွေးစားခံရဖို့ဆိုတာခက်ခဲတာကြောင့်
YOU ARE READING
ပျောက်ဆုံးသွားသောအပိုင်းအစများ ( Missing Pieces )
Fanfictionပျောက်ဆုံးနေတဲ့အပိုင်းအစတွေထဲမှာတစ်စုံတစ်ယောက်ကအမြဲတမ်းလွှမ်းမိုးနေခဲ့တာ ပြီးတော့သူက ကျွန်တော့် နှလုံးသားရဲ့ခပ်နက်နက် တစ်နေရာမှာပုန်းကွယ်နေခဲ့တာ နှစ်တွေအကြာကြီး - Joshua Hong -