" ဂျောင်ဟာနီး ဒီနေ့ ကိုယ်လည်းကားမပါလာဘူး ညနေအတူတူပြန်ကြမလား "
ဂျိုရှူအာအပင်အောက်တွင်တစ်ယောက်တည်းထမင်းစားသောဂျောင်ဟန်ဆီသို့သွားကာမေးလိုက်ခြင်းဖြစ်၏" ဟုတ် "
နာခံစွာပင်ခေါင်းငြိမ့်လာသောကောင်လေးကြောင့်ဂျိုရှူအာပြုံးလိုက်ရင်း" ဒါဆိုအပြန်ကျောင်းပေါက်မှာတွေ့ကြမယ်
ရော့ ကိုယ်ပိုဝယ်လာမိလို့ "
ဂျောင်ဟန်၏ခေါင်းလုံးလုံးလေးကိုတစ်ချက်ပုတ်ကာထွက်သွားတော့သည်။
ကျန်ခဲ့တဲ့ဂျောင်ဟန်မှာလည်းဂျိုရှူအာ၏ကျောပြင်ထက်မှအကြည့်မခွာနိုင်စွာ
လက်ထဲ၌လည်းဂျိုရှူအာပေးခဲ့သောအအေးဘူးလေးကိုခပ်ကျစ်ကျစ်ဆုပ်ကိုင်ထားလျက်.............................
ဂျိုရှူအာကျောင်းရှေ့တွင်ဟိုကြည့်ဒီကြည့်ဖြင့်စောင့်နေသောကောင်လေးကြောင့်ခြေလှမ်းတို့ကိုအရှိန်တင်လိုက်တော့၏ ။
ချိုင့်ခွက်ထဲမှရေအိုင်လေးကိုခြေထောက်ဖြင့်အနည်းငယ်ကန်ဆော့နေတာကြောင့်ဂျိုရှူအာမှာမပြုံးဘဲလည်းမနေနိုင် ဘယ်လောက်ပဲလူကြီးလေးလိုနေနေ တကယ်ကျဂျောင်ဟန်ကသူ့အတွက်တော့ကလေးလေးပါပဲ" ဂျောင်ဟာနီး စောင့်ရတာကြာသွားလား ကိုယ်ပစ္စည်းတွေသိမ်းနေလို့ နည်းနည်းနောက်ကျသွားတယ် "
" ဟင့်အင်း မကြာပါဘူး "
ဂျောင်ဟန်ခေါင်းလေးခါကာလွယ်အိတ်ကြိုးလေးနှစ်ဖက်ကိုလည်းခပ်တင်းတင်းဆွဲထားလိုက်ပါ၏ ။" ဒါဆို သွားကြမယ်လေ "
ရာသီဥတုကကြည်လင်နေသည်မဟုတ်သော်လည်းမိုးရွာမနေသည်မို့သွားရလာရတော့အဆင်ပြေပါ၏ ။ အထူးသဖြင့်ထိလွယ်ရှလွယ်ကောင်လေးကြောင့်သူ့မှာမိုးမိမှာကိုစိတ်မပူရတော့ဘူးပေါ့
တကယ်လို့မိုးရွာလာလည်းသူထီးဆောင်ထားသည်မို့ကိစ္စတော့သိပ်မရှိ
ဂျိုရှူအာခြေလှမ်းတွေကိုပုံမှန်ထက်အရှိန်လျှော့ကာလျှောက်နေမိသည်
အိမ်ပြန်ချိန်တွေကိုကြာလိုကြာငြား
တစ်ဖက်ကကောင်လေးကိုငဲ့ကြည့်လိုက်ပြန်တော့လည်းသူနှင့်ပုခုံးချင်းယှဉ်စွာပါလာတာမို့တော်ပါသေးတယ် ဒါပေမယ့်လည်းတိတ်ဆိတ်နေသောအခြေအနေကိုဂျိုရှူအာကပဲစကားစလိုက်၏
YOU ARE READING
ပျောက်ဆုံးသွားသောအပိုင်းအစများ ( Missing Pieces )
Fanfictionပျောက်ဆုံးနေတဲ့အပိုင်းအစတွေထဲမှာတစ်စုံတစ်ယောက်ကအမြဲတမ်းလွှမ်းမိုးနေခဲ့တာ ပြီးတော့သူက ကျွန်တော့် နှလုံးသားရဲ့ခပ်နက်နက် တစ်နေရာမှာပုန်းကွယ်နေခဲ့တာ နှစ်တွေအကြာကြီး - Joshua Hong -