"နေညိုချိန်တိမ်တောက်တဲ့အခါရွာလမ်းနဘေးမှာ
စာဉတို့ကတုံးမတတွေရေခပ်ဆင်းလို့လာ တူနံ တန့်နံ တူနံ တန့်နံ"ရွာထဲ့သိုလှည့်တစ်စီးဝင်လာသဖြင့်ရေခပ်သမအပျိုလေးများကဘေးသိုရှောင်ကာလှည်ပေါ်မှာ သူမတို့တစ်သိုက်အား လှောင်သလို ပြောင်သလို ဆိုနေတဲ့မြင့်မောင်အားပြန်စွာတော့သည်
"ဟဲ့မြင့်မောင် နင်ရွာထဲဝင်ဝင်ချင် ခေါင်းမပါပဲဝင်ချင်လား ခေါင်းရီးပဲဝင်ချင်လား တစ်ခုရွေးစမ်း"
ရေခပ်သမတဦးရဲ့အငေါက်အငမ်းစကားကို လှည်းပေါ်မှလူက စပ်ဖြီးဖြီးဖြင့်သာ တုန့်ပြန်လေသည်
နောက်မှတခုခုကိုသတိရ၍"ဟဲ့စာဉ....."
"နင့်မေကိုစာဉ ဘဲဉမဟဲ့မသာရဲ့
ဘယ်မယားငယ်နာမည်လာခေါ်နေတာလဲ""ဘာဉနေနေဟာ အုပ်ကြီး(တံတားတစ်ဖတ်ခြားကဇီးပင်ကုန်းရွာတွင်းရှိ ရွာသူကြီးအားအပြောင်အပျက်ဖြင့်ခေါ်ဆိုသည်)တို့တူမ ရွာပြန်ရောက်လို့ဆိုဟ ရွာ့ပြင်ကမိတုတ်တို့ပြောသံကြားခဲ့လို့"
"အေးလေ မနက်ကပြန်ပြန်ရောက်တယ်တဲ့မိချိုတို့တောင် သွားတွေ့ခဲ့သေးတယ်လေ
နော့မိချို"ဘေးမှလုံမပျိုတစ်ဦိးအားတံတောင်နဲ့တို့တော့ ထိုလုံမ မလဲခေါင်းတဆက်ဆက်ငြိမ့်ပြလေသည်
"ဟုတ်တယ်တော့ ကလေးမလေးက ဖြူဖွေးနေတာပဲ ငယ်ငယ်ကလို နှပ်ချီးတွဲလောင်းလေးမဟုတ်တော့ဘူးတော်ရေ သူ့ကိုသူမြို့ကြီးသူကြီးကြလို့ အယ်လေ မြို့ကြီးသူပါပဲ"
မိချိုကပြောပြီးမှ လျှာထုက်ရင်း ပြန်၍စကားပြန်ဖြည့်သည်။ သူတို့ရဲ့ရွာလေးက မကွေးတိုင်းအတွင်းမှာရှိသောငြား အလွန်ပင်ချောင်ကျသောရွာငယ်လေးဖြစ်လျှင့်ကစား ရွာကမြိုနဲ့အတော်အလှမ်းဝေးတဲ့နေရက်မှာရှိကြတော့တဦးတယောက်များမြို့ကဧည့်သည်ရောက်တယ်ဟေ့ ဆိုတာနဲ့အပြေးအလွှားသွားကြည့်ကြရသည်အထိပင် သူတို့ရွာလေးကိုမြို့ကလူများ အလာရှားတော့ မြို့သူမြို့သားများလာရောက်သည် ဟုစကားကြာလျှင်အိမ်မှာထမင်းကိုပြန်မစားတော့တဲ့အထိထိုအိမ်တွင်ကုပ်ကပ်နေတက်ကြသည် ။
(ထိုအချိန်က(၁၃၇၀)ဝန်ကျင့်မို့အလွန်အမင်းတောကျတယ်ပြောလို့ရပါတယ် လမ်းပန်းဆက်သွယ်လေးကျပ်တည်းမှုတွေတချို့ကြောင့် လမ်းမရှိသေးတာလည်းပါ ပါလိမ်မယ်)
YOU ARE READING
စံပယ်ရောင်ယုဇန
Romanceချစ်ခြင်းရဲ့အတိမ်အနက် အယူအစ ဘယ်လောက်ရှိလဲငါမသိပေမယ့် မင်းကိုတော့ အဲ့သည့် အတိမ်အနက် ကျော်သည်အထိမြတ်နိုးမိတယ် နွဲတင့်ရယ်.....