ယာထဲသို့ပါလာသောထိုကောင်လေးမှာသူ့အင်္ကျီလက်ရှည်နှင့်အမေ့ခေါင်းပေါင်းပုဆိုးအားခေါင်းပေါ်တွင်တင်ကာမေးမှချည်ပေးထားသည်မို့ နေတော့တော်ရုံမထိနိုင်ပါ။ ယာထဲတွင်ယခုမိုးတွင်းကာလမိုးပဲ/နှမ်းများစိုက်ကြသည် ယခုတော့နှမ်းနှုတ်ချိန်တန်ပြီမို့ရွာအတွင်းရှိယာလုပ်သာများအား စည်းများခေါ်နှုတ်မှမြိုင်မြိုင်ဆိုင်ဆိုင်ပြီးမြှောက်မြန်သည်ပင်
သူရယ်မြင့်မောင်ရယ်စည်းအဖွဲရယ်ပေါ့အခုကမြင့်မောင်တို့အခင်းနှမ်းနှုတ်ဖြစ်သည် မြင့်မောင်အခင်းသူ့တို့အခင်းဆိုသော်ငှာသူတို့ကအငှားလုပ်ပေးချင်းသာ အငှားလုပ်ယာခင်းမှမြေပဲနှမ်းများကိုတစ်ဦးအားလျှင်တစ်ဦးသွားရောင်းပေးရသည် ထိုရသည်များကိုခွဲဝေယူကြသည်မျိုးပင် ဆွေမျိုးတွေပဲပင်မို့စကားအရာတော့မပြောရ အဆင်ပြေသည်"မင်းယာထဲရောက်ရင် တဲထဲမှာထိုင်နေနော်နေကပူတော့မပြင်မထွက်ခဲ့နဲ့သလား"
သူအာပြန်ကြည့်လာပြီ
"မောင်မောင်တို့ကျထွက်တယ်မပူဘူးလား"
"ပူတာပေါ့ဟ"လိုပြန်ပြောချင်ပေမယ့်နောက်ဆက်လာမည်အာ့ဆိုဘာလို့ထွက်နေလဲ ဘာလုပ်ဖို့လဲစသည်တို့အားသူထပ်မဖြေနိုင်ပါ
"မင်းစကားနာထောင်"
"သားကနားထောင်မှာပါ မောင်မောင်ကအကြောင်းပြချက်မရှိပဲပစ်စလက်ခက်မထားသွားရင်ပေါ့"
ငါ့နှယ်ငြိမ်တယ်လို့ပြောခဲ့တာကိုရုတ်သိမ်းတယ်
*အရမ်းစကားများတယ်*"ငါတို့ကပိုက်ဆံရှာနေတာထမင်းစားဖို့သိပြီလား"
"သားလဲရှာချင်တယ် ဘယ်လိုရှာရတာလဲမြေထဲကိုနှိုက်ရှာရတာလား"
အတည်ကြီးမသိသလိုပြောနေသူကိုနားရင်းသာနာနာအုပ်ပေးလိုက်ဖို့ကောင်းသည်
"မင်းရှာချင်လား"
သူမေးတော့ခေါင်ပြုတ်ထွက်ရုံမက ခြွတ်မှန်လောက်သည်အနေထားထိငြိမ့်ပြသည်မို့ငါးခူပြုံးပြုံးကာ
"တွေ့လားဟိုကဇရပ်",
သူလက်ညှိုးထိုးပြရာကိုကြည့်ပြီခေါင်းငြိမ့်ပြပြန်တော့
YOU ARE READING
စံပယ်ရောင်ယုဇန
Romanceချစ်ခြင်းရဲ့အတိမ်အနက် အယူအစ ဘယ်လောက်ရှိလဲငါမသိပေမယ့် မင်းကိုတော့ အဲ့သည့် အတိမ်အနက် ကျော်သည်အထိမြတ်နိုးမိတယ် နွဲတင့်ရယ်.....