"ဟဲ့မိစုနင်ကအိမ်မပြန်တော့ဘူးလား"အော်ကျယ်စူးရှသော်အသံကြောင့်အနားရှိသူပါနားကိုပိတ်လိုက်မိတော့မလိုဖြစ်သွားသည်။အရှေ့ရှိကလေးလေးကမူဂရုမစိုက်ပဲ သူလုပ်လက်စအရာဖြစ်သော ပဲ့လှော်ကိုသာကောက်ဝါးနေတော့သည်။
စိန်သောင်းမှာမိမိအိမ်မှာအခန့်သားနေပြီး မိမိ၏အိမ်မှစားစရာအားအကျအနထိုင်စားနေသည့်မိစုစုအောင်အားကြည့်ကာ စိတ်ချဉ်ပေါက်လာသည်။
ထမင်းလည်းစားပြီးပြီ တစ်ရေးတစ်မောပါအိပ်လိုက်သေးသည်။အခုထိပြန်ဖို့စကားမစသေး။ အခုလဲအိမ်ကကလေးမဟုတ်လူကြီးမဟုတ်နှင့် ကစားလိုက်စားလိုက်လုပ်နေလိုက်သေးသည်။ သူတကယ်ကြည့်မရတော့။စကားပြောကလဲမပျက်။
"ချု့ချု့ဟာချု့ချု့ ဘွားဘွားချပေးထားတဲ့ပဲလှော်ချားနေတဲ့ဟာရီးပဲကို ကိုကိုကြီးကိုဘာလုပ်နေယိုယဲ"
"နင်__ပြန်တော့"
"ဟာ ကိုကိုရုပ်ရုပ် မီးမီးကိုကြန်ခိုင်းနေရယ် မီးမီးကကိုကိုရုပ်ရုပ်နဲ့ချော့အုန်းမှာပဲဟာရီးကို"
"သွားပြန် နင်မနက်ကတည်းကဒီရောက်နေတာ အခုလေးနာရီထိုးတော့မယ် ပြန်တော့"
"ဟာကြန်ဝူးကြန်ဝူး ဘွားဘွားရေ ဒီမှာကိုကိုကုလားကြီးကချု့ချု့ကိုကြန်ခိုင်းနေရယ်"
"အမယ်ငါ့ကိုများကုလားတဲ့ နင်ကြတော့ ဒီပုတ်ထဲကဒီပဲဘဲ ဘာမှလာပြောမနေနဲ့နင်မပြန်ရင် နင်ကိုပေးမယ့်အိုးပုပ်တွေ ငါချောစုမကိုပေးလိုက်မှာနော်"
ထိုသို့စကားဆိုတော့ခေါင်းငုံ့သွားသည်။ ခဏအကြာမှနှုတ်ခမ်းမဲ့ကာ
"ကိုကိုကြီးကချု့ချု့ကိုအချစ်ပါဘူး။ချု့ချု့တိဝါးပါပြီ။ကိုကိုကြီးအနေခိုင်းချေချင်ရင်ကြန်ပါ့မယ် ရွတ်"
မနဲ့အကိုကွဲအောင်မပြောသော်လဲသနားစရာမကောင်းရီစရာကောင်နေသည်မို့ သူထိမ်းထားမိသည်ကရယ်ချင်စိတ်။မျက်နှာအမူအရာမပျက်ခပ်တင်းတင်သာဆူပူကြိမ်းမောင်နေမိသည်။
အမေကတော့လေးလေးတို့အိမ်သို့ဟင်း အပေးသွားသည်။(ရွာဘက်မှာတော့ ကိုယ့်အိမ်ကဟင်းသူ့အိမ်ကဟင်းလဲတာမဟုတ်ပေမယ့်သွားပေးကြတာတွေ့ဖူးပါတယ်။တစ်ဦးကစေတနာတစ်ဦးကမေတ္တာပုံစံမျိုးအေးအေးချမ်းချမ်းကလေး)
သူတို့စကားကို ဘေးမှနေပြီးတစ်ကိုကြည့်တစ်ယောက်ကိုကြည့်နေသည့်ကောင်လေးက ကလေးက"ရွတ်"ဆိုလဲနေရောပြာပြာသလဲသူ့လက်မောင်းကိုလာကိုင်သည်။ ကောင်းလေးကလည်းကလေးကိုမငိုစေလိုသောဆန္ဒရှိသည်မို့ သူဆက်မစနိုင်တော့ချေ။
YOU ARE READING
စံပယ်ရောင်ယုဇန
Romanceချစ်ခြင်းရဲ့အတိမ်အနက် အယူအစ ဘယ်လောက်ရှိလဲငါမသိပေမယ့် မင်းကိုတော့ အဲ့သည့် အတိမ်အနက် ကျော်သည်အထိမြတ်နိုးမိတယ် နွဲတင့်ရယ်.....