ကောင်းလေးမျက်နှာသစ်အပြီးတွင်ထမင်းဝိုင်းပြင်ကာမနက်စာကိုနှစ်ဦးသားစားလိုက်ကြသည်။နောက်တော့ ဘုန်းကြီးကျောင်းသွားရန် မြင့်မောင်ကိုသွားခေါ်ရမည်။ သူတို့အိမ်က ရွာမြောက်ပိုင်းတွင်ရှိသည်မို့ ဘုန်းကြီးကျောင်းရှိရာတောင်ပိုင်းသို့သွားရင်း ထိုအရပ်ရှိမြင့်မောင်ကိုဝင်ခေါ်ကာသုံးဦးသားဘုန်းကြီးကျောင်းသို့သွားရမည်ပင်
မြင့်မောင်တို့အိမ်ရောက်တော့မြင့်မောင်ကရေတွေဘာတွေချိုးထားသည်။ရုပ်ကတော့နဂိုရုပ်ပဲပေါ့ ဘာထူးခြားသွားမှာမို့လို့လဲ
သူကတော့အိမ်ထဲမှာမှန်နဲ့ဘီးတစ်ချောင်းကိုင်ကာသနေသောသကောင့်သားကိုအနီးရောက်မှာဇက်ပိုးအုပ်ပစ်လိုက်သည်။"မင်းမေစက်-"
ဆဲရေးကာလှည့်လာသည့်မြင်မောင်သည် စိန်သောင်းအားမြင်တော့
"မင်းရေမချိုးလာဘူးလား"
"ရေမချိုးလဲငါတို့ကသန့်တယ် သူများတွေလိုရေချိုးတောင်ရေချိုးတဲ့ရုပ်မပေါက်တဲ့သူတွေမဟုတ်ဘူး"
စိန်သောင်းကနှိပ်ကွတ်လိုက်တော့မျက်စောင်းတစ်ချက်ပြုကာ ကောင်လေးနားသို့သွားကာပုခုံးကိုလှမ်းဖတ်သည်။
"မင်းရောလိုက်မှာလား"
"ဟုတ်ကဲ့"
လိုက်လာလို့မြင်ရသည်ကို အကြောသက်သက်ရှည်သည့်ဒီကောင်ကသူ့အရီးသားမဟုတ်ပေ မိကျောင်းမသားပင်ဖြစ်လိမ့်မည်။
သုံးဦးသာရွာဦးကျောင်းသို့ခြေဦးလှည့်ကြလိုက်သည်။ ကျောင်းရောက်တော့ ကပ္ပိရကြီးဦးမောင်က ဘဘုန်း ကျောင်းဆောင်ပေါ်တွင်စောင့်နေသည်ဆိုသောကြောင့် ကျောင်းဆောင်ပေါ်သို့ ခြေသံဖွကာတက်လာကြသည်။
"အော်....ဒါကာလေး တို့လာကြလာလာ"
ဘဘုန်းအနားသို့ရိုသေစွာထိုင်ကြပြီးသည်နှင့်လာရင်းကိစ္စကိုဆွေးနွေးကြသည်။
"အေးကွဲ့ .. ဘဘုန်းကတော့ မိုးတွင်းဆိုပေမယ့် တို့တွေရွာကမိုးရွာရှားတယ်မဟုတ်လား သို့ပေမယ့်သူတို့တွေကမိုးကိုစိုးရိန်နေကြတာကွဲ အဲ့သလိုနဲ့နောင့်လဖြစ်သွားပြီ ဘဘုန်ကတော့ဒီလတွင်လုပ်စေချင်ပေမယ့် အလှုရှင်တွေကမရဘူး အိမ်းဘုန်းကြီးဆိုတော့နေရာတကာပါလို့ ကောင်းတာမှမဟုတ်ပဲကွဲ့..."
YOU ARE READING
စံပယ်ရောင်ယုဇန
Romanceချစ်ခြင်းရဲ့အတိမ်အနက် အယူအစ ဘယ်လောက်ရှိလဲငါမသိပေမယ့် မင်းကိုတော့ အဲ့သည့် အတိမ်အနက် ကျော်သည်အထိမြတ်နိုးမိတယ် နွဲတင့်ရယ်.....