part -16

15 2 0
                                    


မနက်ခင်းတွင်လက်ရဲ့ထုံကျဉ်မှုနှင့်ခေါင်းရဲ့ထိုးကိုက်မှုကြောင့်နွဲတင့်မျက်စိများပွင့်လာလေသည်။မျက်ခုံးများစုကြုံကာထားသည်။

လက်မောင်းပေါ်ရှိ‌အလေးချိန်ကြောင့်ဘေးစောင်းငှဲ့ကာကြည့်မိတော့မျက်စိများပြူကျယ်ကုန်သည်။
သူရဲ့လက်မောင်းပေါ်တွင်ခေါင်းအုံးပြီး လက်နှစ်ဖက်ကိုပေါင်ကြားထဲထည့်ပြီးအိပ်နေသည့်သူကိုအပြုံးသားကြည့်နေမိသည်။ သူ့လက်မောင်းပေါ် ခေါင်းအုံးပြီးအိပ်နေသူရဲ့ပါးနှစ်ဖက်သည် ပိပြားကာနှုတ်ခမ်းကာမူရှေ့သို့ဆူကာထွက်နေပြီးခပ်ဟဟကလေးပွင့်နေသည်။
ထိုနှုတ်ခမ်းကိုသူထိချင်သည်။ထိလိုက်ချင်သည်။မထိမိအောင်သူကြိုးစားနေမိသည်။နောက်ဆုံးသူထိမိလိုက်မည်ကြံပြီးပြန်ရုတ်သိမ်းလိုက်သည်။ဒီအတိုင်းကလေးကြည့်နေသည်ကအေးချမ်းပါသည်။

သူနိုးပေမယ့်မထနိုင်သေးပါ လက်မောင်းပေါ်ကသူနှစ်နှစ်ခြိုက်ခြိုက်ပဲ‌အိပ်ပါစေလေ။အငေးသားသာကြည့်နေမိပါသည်။

ခဏအကြာတော့မျက်လုံးများလှုတ်ရှားလာသည်။နှုတ်ခမ်းကိုတစ်ချက်ပြင်သည်ကိုလဲတွေ့ရသည်။နောက်တော့ တစ်ဖက်သို့လှည့်ကာ ပါးကိုကုတ်သည်။
သူတွေးမိသည်က မောင်မောင်ကမနက်တိုင်းဒီလိုကလေးနိုးတာပါ့လာဟူ၍ပင် မျက်လုံးများပွင့်လာကာတောင်မြောက်ကြည့်သည်။သူကိုမြင်တော့

"နိုးနေတာလား"

နိုးခါစခပ်ရှရှအသံကဘယ်လိုလဲ အိုးးးနားထောင်ကောင်းလိုက်တာ

"ခြေထောက်ရောနာသေးလား"

သူလက်မောင်ပေါ်အုံးနေသည်ကိုသတိမထားမိသေးပုံ ခေါင်းသာခါပြလိုက်တောသူလက်တစ်လျှောက်ကိုကြည့်သူ သူပခုံးနားအထိမြင်တော့ကုန်းရုံးထသည်။ပြီးတော့မျက်လုံးအပြူးသားနှင့် ပါးစပ်မှာဘာရှိမလဲရမ်းသန်းသုတ်ကာ သူလက်မောင်ပေါ်ကိုလဲစမ်းသည်။အော် အာပုတ်စီးကျမှာဆိုးနေသည်ပဲ။က‌ေလးမဟုတ်ပဲကွာ။သူခိုး‌ပြုံးမိသည်။

"လက်ပေါ်အိပ်မိသွားတာလားလက်ကျဉ်နေမှာပေါ့"

ပြောရင်လက်ကိုနှိတ်ပေးနေသည်။သူခပ်ပြုံပြုံသာကြည့်နေမိသည်။လူတစ်ဖက်သားကိုအတော်ဂရုစိုက်တဲ့လူပဲဟုစိတ်ထဲမှတ်ယူလိုက်မိသည်။အခုမှမဟုတ်ပါ သူစရောက်ပြီးဆိုကတည်းက ခလုတ်မထိဆူးမငြိပါစေနှင့်ဟူ၍တော့မဟုတ်ပေမယ့် သူကိုအတော်ဂရုစိုက်တာကိုသိသည်။

စံပယ်ရောင်ယုဇနWhere stories live. Discover now