"ဟက်ချိုး!!"
အိမ်ထဲပြန်ဝင်ရန်ဖျားတွေနှင့်ရေနွေးခများအားသိမ်းနေသည့်လက်များရပ်တန့်သွားပြီး အသံထွက်ပေါ်လာသည့်ထံအကြည့်ပို့ကြသည် ။ အမေကတော့ရေနွေးခရားနှင့်လက္ဖပန်းကန်အားယူကာဝင်သွားလေပြီ၊ပါးစပ်မှလည်း ခေါင်းကစိုနေတာကိုရေခြောက်အောင်မသုတ်ဘူး ဖြစ်လိုက်ရင်သူများနဲ့မတူဘူး စကားကြနားမထောင်ဘူး ဖြစ်ပစေအဲ့တိုင်သာနေ"ဟုတဗြစ်တောက်တောက်ပြောသွားသည်။
အဖေသည်လည်းဂီတာသွားပေးနေသည်မို့အိမ်တွင်မရှိ ည၉:၀၀အချိန်ရှိပြီမို့အိမ်များရဇိဆိုလာမီးများမှိတ်ကာ အိပ့်ကြသူများအိပ်ကြလေပြီ။ဖျားအားကိုင်ကာသူအားရပ်ကြည့်နေသူကတော့စိတ်ပူနေသော်ငှား သူစိတ်ဆိုးနေသေးသည်မို့ သွားရမလိုနှင့်တောင်မရောက်မြှောက်မရောက်ဖြစ်ကာနေသည် ။
နောက်တော့မနေနိုင်စွာသူ့အနားကပ်လာကာ ကောင်လေးကသူ့ကိုယ်ပေါ်သို့ ဖျဉ်လက်ရှည်တစ်ထည်ထပ်ကာပေးလာသည်မို့မော့ကာကြည့်မိတော့ မျက်နှာဟိုဘက်သို့လှည်ကာထားသောသူကသူ့အားမျက်နှာချင်းမဆိုင်၊"ငါ...ရပါတယ် မင်းချမ်းနေလိမ့်မယ့်ပြန်ယူ_"
အပြောအားမစောင့်ပါပဲ ဖျားလိပ်အားယူကာထွက်သွားသည်။ အဲ့လောက်စိတ်ဆိုးသွားမည်ဟုအမှန်မထင်ပါ ယာထဲအတူမလိုက်ရသည်ကအဲ့လောက်တောင်စိတ်ဆိုးသွားတာလား သူခေါင်းအသာခါကာ ကိုယ်ပေါ်ရှိလက်ရှည်အင်္ကျီလေးအားလက်များလုံအောင်ဆွဲချပြီးခဏထိုင်နေလိုက်သည်။
အနည်းငယ်ကြာတော့ရေခွက်တစ်ခွက် သဘတ်ရှည်တစ်ထည်နှင့်ပြန်ထွက်လာသည်ကောင်လေး၊ သူ့နားရောက်တော့ ခေါင်ပေါ်ကိုသဘတ်တင်ပေးကာမေ့စေ့တွင်ချည်ပေးသည်။သပတ်အရှည့်သည်သူ့ရဲ့ေကျာကိုပါလံုသည်အထိရှည်လှသည်။ပြီးသည်နှင့်လက်ထဲသို့ သူစုတ်ကိုင်လာသည့်အရာအားထည့်ပေးသည်။ ဖျန့်ကြည့်တော့ အကြည်အိတ်ကလေးနှင့်ထည့်ထားသည့်နီညိုရောင်ဆေးမှုန့်များ၊ အိမ်ရှိသူများသာမကာ ရွာတွင်းရှိသူများသည်လည်းတစ်ခုခုဆိုလျှင် ထိုဆေးလေးကိုသာအားကိုးကြသည် ။ ဆေးတွင်နာမည်မရှိသော်ငှားသူတို့ခေါ်ကြသည်ကဘုန်းကြီးဆေးတဲ့လေ
ခေါင်းမော့ကာကြည့်တော့
YOU ARE READING
စံပယ်ရောင်ယုဇန
Romanceချစ်ခြင်းရဲ့အတိမ်အနက် အယူအစ ဘယ်လောက်ရှိလဲငါမသိပေမယ့် မင်းကိုတော့ အဲ့သည့် အတိမ်အနက် ကျော်သည်အထိမြတ်နိုးမိတယ် နွဲတင့်ရယ်.....