32

2.5K 83 0
                                    

အပိုင်း ၃၂ : ဇနီးဟောင်းကသူ့ကိုခွင့်လွှတ်ပေးဖို့တောင်းပန်တယ် [Plot]

----

သူတို့သုံးယောက်ရောက်လာတာကနည်းနည်းနောက်ကျပေမဲ့ ဘယ်သူကမှ လုကျင့်ဂိုဏ်းရဲ့အမတအရှင်ကိုမေးခွန်းထုတ်ကြမှာမဟုတ်ပေ။

တိုက်ဆိုင်တာက ပြိုင်ပွဲပထမရက်မို့ ကျင့်ကြံသူတွေအကုန်လုံးစုနေကြပြီး သွမ့်ရှောင်းဝင်လာချိန်မှာ သူ့ရဲ့သူငယ်ချင်းဟောင်းယန်ထင်းနဲ့တိုက်ရိုက်ပဲ အကြည့်ချင်းဆုံသွားတော့သည်။

ယန်ထင်းက သူ့တပည့်နှစ်ယောက်ကိုအနောက်မှာထားပြီး တခြားဂိုဏ်းချုပ်တစ်ယောက်နဲ့စကားရပ်ပြောနေတာဖြစ်ကာ သွမ့်ရှောင်းက သူ့တပည့်နှစ်ယောက်နဲ့ဝင်လာချိန်တွင်တော့အားလုံးရပ်တန့်သွားပြီးသူ့ကိုအရိုအသေပေးကြလေသည်။

"အကြီးအကဲ တံခါးပိတ်ကျင့်ကြံရာမှထွက်လာတာကိုဂုဏ်ပြုပါတယ်..."

ဒီအချိန်ကမှ ဟွာအန်းလဲသူ့ကိုသတိထားမိသွားပြီး နီရဲရဲမျက်နှာလေးကချက်ချင်းဖြူဖျော့သွားကာ သွမ့်ရှောင်းကိုမော့မကြည့်ရဲတော့ပဲ ခေါင်းကိုအတင်းငုံ့ထားတော့၏။ သွမ့်ရှောင်းကလဲဒါကိုစိတ်မဝင်စားပါဘူး။ သူကသူ့ရဲ့တပည့်လေးနှစ်ယောက်ကို နီရဲတဲ့မျက်နှာတွေနဲ့ကြည့်ပြီး ရင်ခုန်နေကြတဲ့ ငမိုက်သားတွေကိုပဲသူ့ရဲ့အရှိန်အဝါနဲ့ဖိအားပေးရင်းမအားလှဘူးလေ။

ရှင်းယွီနဲ့ယန်ယန်က ကျင့်ကြံဆင့်မြင့်တဲ့အပြင် အရမ်းကိုချောမောလှပတဲ့နတ်သားလေးတွေပဲ။ သူတို့ကသူ့လို မောက်မာပြီးအေးစက်တဲ့ပုံစံမျိုးမဟုတ်တာကြောင့် အကြည့်တစ်ချက်ကတင် ရင်ကိုအေးချမ်းသွားစေပြီး ပွဲကိုတက်ရောက်သူတိုင်းက သူတို့ဖြတ်သွားတဲ့အခါတိုင်း လေထုကိုတောင်အသည်းအသန်လုရှူရတဲ့အထိစွဲလန်းစရာကောင်းလွန်းတယ်။

လူတွေက အမတအရှင်ကိုကျော်ပြီး သူ့တပည့်လေးနှစ်ယောက်ရဲ့အလှတရားကို မပူဇော်ပဲမနေနိုင်ကြပေ။

သွမ့်ရှောင်းက မျက်နှာကြီးမဲသွားပြီး သူ့ရဲ့ယန်ဓာတ်တွေနဲ့ မော့ကြည့်လို့မရအောင်ဖိအားပေးလိုက်တာမို့ လူတွေကအသိပြန်ဝင်လာကာခေါင်းငုံ့သွားကြပေမဲ့ ဒါကပဲသူ့အနောက်ကကောင်လေးနှစ်ယောက်ကိုစိတ်ပူသွားစေပြန်သည်။ ရှင်းယွီနဲ့ယန်ယန်က သွမ့်ရှောင်းရဲ့လက်မောင်းတစ်ဖက်တစ်ချက်စီကိုဖွဖွလေးကိုင်လိုက်ကာ သူ့မျက်နှာကိုလှပတဲ့မျက်လုံးလေးတွေနဲ့ကြည့်လာကြသည်။

တဏှာရူးအထက်ပုဂ္ဂိုလ်ရဲ့ရှုထောင့် [SMUT]Tempat cerita menjadi hidup. Temukan sekarang