35 - final

2.3K 75 1
                                    

အပိုင်း ၃၅ : တဏှာရူးအထက်ပုဂ္ဂိုလ်ရဲ့ရှုထောင့် [ဇာတ်သိမ်းပိုင်း]

_____

နောက်ဆုံးမှာတော့ သွမ့်ယွမ်ဒီအခြေနေကိုလက်ခံလာဖို့အချိန်သိပ်မယူလိုက်ရပေ။

သေချာတာပေါ့။ သူက အစကတော့ သွမ့်ရှောင်းကိုစကားသိပ်မပြောချင်ပဲ စိတ်ဆိုးကြောင်းပြဖို့လုံးလုံးလျစ်လျူရှုထားခဲ့တာ။ သူသူ့ကိုစကားပြောရင်တောင် မှကိုယ်ချင်းရင်းနှီးတဲ့အထိအတွေ့မျိုးလုပ်မှာမဟုတ်ပေ!

ဒါတွေအားလုံးကသွမ့်ရှောင်း ရိုးရိုးသားသားနဲ့ သစ်သားပြားပေါ်ဒူးထောက်ဖို့ဆန္ဒရှိတာရယ်၊ သူ့ရဲ့ပုတ်ပွနေတဲ့ဦးနှောက်ရယ်ကြောင့်ပဲဆိုတာတော့ငြင်းလို့မရဘူး။ သူကတစ်နေ့လုံးအိမ်မှာရှိနေပြီးသွမ့်ယွမ်ကိုတစ်ယောက်ထဲလွှတ်ထားဖို့ငြင်းဆိုကာ အိမ်ရှင်မကြီးလိုမျိုးဂရုစိုက်နေပြီး အလုပ်တွေအားလုံးကိုကာမန်နဲ့အီဗန့်ကိုပုံအပ်ထားလိုက်တယ်လေ ~

ဒါကခပ်မိုက်မိုက်အရာမျိုးမဟုတ်ပေမဲ့လဲသူကတော့ male zerg တစ်ယောက်ရဲ့ အလိုလိုက်ခံရတဲ့ဘဝကိုနေသားကျနေပြီး သူ့ဇနီးတွေကိုမှီခိုရတာကိုမရှက်ပေ။

ဒါပေမဲ့ဒါက... omega တွေရဲ့အလုပ်လုပ်နိုင်စွမ်းကိုအတင်းကန့်သတ်ပြီး သူတို့ကိုယ်သူတို့အိမ်ရဲ့အရေးပါဆုံးလူအဖြစ်မာနကြီးတဲ့ alpha တွေထက်တော့ အများကြီးပိုကောင်းပါသေးတယ်။ သွမ့်ယွမ်က သူ့ကိုစိတ်နည်းနည်းတိုနေတုန်းပေမဲ့ ထပ်ပြီးမကျရှုံးပဲလဲမနေနိုင်ခဲ့ဘူးလေ။ နောက်ဆုံးကျတော့သွမ့်ယွမ် ဘယ်လောက်ပဲစိတ်ဆိုးပါစေ သွမ့်ရှောင်းကအမြဲတမ်း၊ သူအချိန်အကြာကြီးချစ်ခဲ့တဲ့ဗီလိန်လေးရဲ့ကောကောဖြစ်နေတာကိုး။ သူက ကလေးတစ်ယောက်အဖေဖြစ်နေပြီဆိုပေမဲ့ အစ်ကိုဖြစ်သူရဲ့အနောက်ကိုအမြဲတကောက်ကောက်လိုက်ပြီး စကားတွေပြောရင်းသူ့အာရုံစိုက်မှုကိုရယူဖို့ကြိုးစားတတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်နေတုန်းပါပဲ။

သူ့တခြားဇနီးတွေ... သွမ့်ယွမ်ရဲ့ ကျီချန်းနဲ့တုန်းကအပြုအမူတွေကိုကြည့်ရင်သူကဘယ်လောက် ပိုင်ဆိုင်လိုစိတ်ပြင်းလဲဆိုတာမြင်နိုင်သည်။ သွမ့်ရှောင်းကဗီလိန်လေးရဲ့ character ကိုသဘောကျပေမဲ့ သူ့ဇနီးလေးတွေကိုပြသနာရှာမှာတော့တကယ်ကိုစိုးရိမ်ခဲ့ရတာ။ ဒါကလဲသူအိမ်ကနေလုံးဝမခွာရဲတဲ့အကြောင်းတွေထဲကတစ်ခုပဲ။

တဏှာရူးအထက်ပုဂ္ဂိုလ်ရဲ့ရှုထောင့် [SMUT]Donde viven las historias. Descúbrelo ahora