Extra - သွမ့်ယိ

1.7K 70 0
                                    

Extra သွမ့်ယိ - စင်ဂယ်ခွေးအကိုကြီးရဲ့နေ့စဥ်မှတ်တမ်း [No smut]

---

သွမ့်ယိက သွမ့်အိမ်တော်ရဲ့အကြီးဆုံးသခင်လေးအဖြစ်ကြီးပြင်းလာတာဖြစ်သည်။

တကယ်တော့ သူကအသက်အရွယ်အငယ်ဆုံးပေမဲ့ အကြီးဆုံးသခင်လေးကသူပဲလို့ သူ့အဖေကအခိုင်အမာပြောထားတယ်။ ဒါနဲ့ပက်သက်ပြီးဘယ်သူကမှလဲငြင်းဆိုတာမရှိကြပေ။ ဒါကြောင့်သူတို့မောင်နှမတွေကသူ့ကို အကိုကြီးလို့ခေါ်ရင်းပဲကြီးပြင်းလာကြတာ။ တကယ်တော့ ကြီးပြင်းတာမြန်လွန်းတဲ့သူ့ရဲ့အငယ်ဆုံးညီနှစ်ယောက်နဲ့ယှဥ်ရင်လဲသွမ့်ယိကဘာမှမဟုတ်ပြန်ပေ။

ဒါပေမဲ့သွမ့်ယိကလည်း တကယ်ကိုအစ်ကိုကြီးတစ်ယောက်လိုပိုထင်ရပြီး သူကငယ်ငယ်ကတည်းက အရမ်းကိုအာရုံစိုက်ကာ သူ့အဖေရဲ့အပြင်ပန်းပုံစံနဲ့အရမ်းကိုတူတယ်လို့ အဘိုးသွမ့်ကအမြဲချီးကျူးလေ့ရှိသည်။

သူကသွမ့်အိမ်တော်ကိုလက်ရှိဦးဆောင်နေတာဖြစ်ပြီးတစ်ချိန်မှာ ခေါင်းဆောင်ဖြစ်လာမှာကသူပဲဆိုတာ အရမ်းကိုသိသာလွန်းတယ်လေ။

သွမ့်ယိကသူ့အဖေနဲ့မရင်းနှီးပေ။ ဒါက alpha အချင်းချင်းကြားမှာ ထူးခြားတဲ့အရာတော့မဟုတ်ပဲ သူတို့ချင်းမတည့်ကြတာမျိုးလဲမဟုတ်ပေ။ ဒါပေမဲ့တခြားမောင်နှမတွေလိုမျိုးသူ့ရဲ့ဖေဖေနဲ့လဲသူက နီးနီးကပ်ကပ်မရှိပြန်ဘူး။ Alpha သားတစ်ယောက်ဖြစ်နေတာကြောင့် သူ့အဖေကသူ့ဖေဖေနဲ့နီးကပ်တာကိုမကြိုက်ပဲ သူ့ဖေဖေ(သွမ့်ယွမ်)ကလဲ ဦးနှောက်ပုတ်နေတဲ့အချစ်ရူးပဲလေ။

ဘယ်လိုပဲဖြစ်ဖြစ်သူကဒီအတွဲကိုဂရုမစိုက်ပါဘူး။ အဲ့အစားသူ့ကိုငယ်ငယ်ကတည်းကထိန်းလာတဲ့ ဖေဖေရှီမုန့်ကမှသူ့မိဘအရင်းလိုခံစားရတယ်။

သူ့ရဲ့အခြားမောင်နှမတွေ...
အိုး.. သူတို့အကြောင်းပြောလိုက်ရင်ကို သွမ့်ယိခေါင်းကိုက်ချင်လာတာပဲ။

သူတို့ကမွေးဖေဖေမတူတဲ့မောင်နှမတွေပေမဲ့ အရမ်းကိုမျက်စိနောက်စရာကောင်းတဲ့အဖေကြောင့် မိဘတွေနားသိပ်မကပ်ကြပဲ သူတို့အချင်းချင်းပဲရှိနေတာများတယ်။ ဒါကြောင့်သူတို့ကအခြားအိမ်တော်တွေက မောင်နှမအရင်းတွေထက်တောင်ပိုအဆင်ပြေကြသေးသည်။ ထပ်ပြောရရင် သူတို့ကတစ်ယောက်မျိုးနဲ့မို့ အိမ်တော်ကိုလုဖို့အစီစဥ်လဲမရှိကြဘူး။ နောက်ဆုံးမှာတော့ဒါတွေအားလုံးက သွမ့်ယိလက်ထဲကျလာတာပဲ။

တဏှာရူးအထက်ပုဂ္ဂိုလ်ရဲ့ရှုထောင့် [SMUT]Donde viven las historias. Descúbrelo ahora