•12•

217 31 9
                                    

[ Unicode ]

'သို့ ဆွန်းဂွမ်

ဒီနေ့လည်း ချစ်ပါတယ် ဆွန်းဂွမ်
ဒီနေ့‌တော့ နည်းနည်းပိုပြီး လွမ်းနေတယ်.. ဘာလုပ်နေမလဲ ဘယ်လိုနေထိုင်နေမလဲ အဆင်ရောပြေနေရဲ့လား အကုန်လုံးကို သိချင်စိတ်တွေလည်းများနေတယ်။
ထိန်းသိမ်းထားနေတယ်မလား ဂွမ်နာ..
အပြင်မှာတွေ့ချင်ပေမယ့် ကိုယ်ကအရှင်သခင်တစ်ပါးဖြစ်နေပြီမလို့ မင်းဆီကို မလာနိုင်တာ တောင်းပန်ပါတယ်..
ဒါပေမယ့် ကိုယ့်အချစ်တွေကိုတော့ ကိုယ်ကလည်း မင်းအတွက်ပဲထိန်းသိမ်းထားမှာမလို့
ဆွန်းဂွမ်ကလည်း ဘယ်သူ့ကိုမှမပေးပစ်ပဲ ကိုယ့်ကိုစောင့်နေမယ်မလားဟင်

လွမ်းတယ်။

မှ ဗာနွန်'

လက်ထဲမှ ဝါညင့်ရောင်စာရွက်လေးထဲတွင်
မှင်နက်လေးဖြင့် ရေးသားထားသည့်
လက်ရေးလှလှတွေ။
စာရွက်လေးကိုဖတ်ပြီးချိန်တွင်တော့ အသေအချာပြန်ခေါက်လိုက်ပြီး
အိပ်ယာဘေးမှ အံဆွဲကိုဖွင့်လိုက်သည်။

အံဆွဲလေးထဲတွင် 'နန်းတော်မှ' ဆိုသည့်စာတန်းများဖြင့် ဝါညင့်ရောင်စာရွက်လေးတွေဟာအမြောက်အမြား။
အကုန်လုံးဟာ နန်းတော်ကလာသည့်
ဆွန်းဂွမ်၏ချစ်ရသူဆီကဖြစ်ပြီး ထိုသူဟာတော့
သူ့ကိုပစ်ထားခဲ့တာ တစ်နှစ်ကျော်ပြီဖြစ်သည်။
ပစ်ထားခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရသည့်တိုင် သူဟာ ဘာမှမတတ်နိုင်သည်သာမလို့
သက်ပြင်းချရုံသာ။

သူ့လည်းလွမ်းပေမယ့် စာပြန်ပါးလို့လည်းဖြစ်ပေမယ့် သတ္တိမရှိတာကြောင့်
တစ်နှစ်ကျော်ကာလလုံးလုံး ဆွန်းဂွမ်ဆီမှ စာတစ်စောင်‌ေတာင်မရေးဖြစ်ခဲ့ပေ။
ထိုသူပြောသလို မသိစိတ်ကစောင့်နေပေမယ့်
သိစိတ်ကတော့ ထိုသူ သူ့ကိုမေ့သွားဖို့ ဆုတောင်းနေမိသည်ထင်ပါသည်။

နိုင်ငံရဲ့အရှင်ဘုရင်တစ်ပါးဟာ သူ့လိုပြည်သူတစ်ဦးနဲ့ မဖြစ်နိုင်သလို
အရမ်းလှပြီး အရမ်းသိမ်မွေ့ပါတယ်ဆိုတဲ့
မင်းသမီးတွေနဲ့သာ ဖြစ်သင့်သည်လေ။
ထိုသူ သူ့ကိုမေ့သွားစေဖို့ ရည်ရွယ်၍
စာတွေကိုပြန်မပို့ဖြစ်သော်လည်း ထိုဘုရင်လေးဟာတော့ ရက်ခြားတစ်ခါလောက်တော့ သူ့ဆီကို စာပို့သည်။

𝖶hisper of the 𝗁eartWhere stories live. Discover now