[ Unicode ]
"ဘူးဆွန်းဂွမ်!! မထသေးဘူးလား"
အခန်းတံခါးကိုထုကာ ပြောလာသည်ကို
ကြားသော်လည်း ဆွန်းဂွမ်ပြန်မဖြေမိ။
အမေကတော့ စိတ်တိုတိုနှင့်ပွစိပွစိပြောနေပြီး
ခဏအကြာတွင်တော့ တံခါးရှေ့မှအသံတွေပျောက်သွားတော့သည်။မွေ့ယာပေါ်တွင် ခြေကားယားလက်ကားယားနှင့်သာ
ဆွန်းဂွမ်လှဲနေမိသည်။
ထို့ပြင် စိတ်လှုပ်ရှုးမှုနှင့်အတူ လက်သည်းလေးတွေကိုလည်း ကုတ်ဖဲ့နေမိသည်။"အီးးး... ရှက်လိုက်တာ၊ ငါဘယ်လိုတောင် အသိစိတ်မဲ့ရတာလဲ"
ကိုယ့်ကိုကိုယ် အပြစ်တင်ရင်းပင်
မွေ့ယာပေါ် စိတ်ပျက်စွာ တစ်ကိုယ်လုံး လှုပ်ရှားနေမိသည်။
သူအများကြီး မသောက်ခဲ့သင့်တာ။စိတ်ကိုငြိမ်ငြိမ်ထားဖို့ကြိုးစားတိုင်းလည်း
ညက အဖြစ်အပျက်ကို ပြန်ပြီးမြင်ယောင်နေသည်ကြောင့် ဆွန်းဂွမ် အတော်ပင် ရှက်နေရသည်။
သူဘက်ကနေ ဗာနွန့်ကို စပြီး နမ်းခဲ့တာမလား။*ဒေါက် ဒေါက်*
"ဆွန်းဂွမ်.."
သစ်သားတံခါး အပြင်ဘက်မှ တံခါးခေါက်သံနှင့်အတူ
ကြားလိုက်ရသည့် အသံဩဩကြောင့် ဆွန်းဂွမ်တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။
ထပ်ပြီး စိတ်ထဲဝင်ရောက်လာပြန်တဲ့ အဖြစ်အပျက်ကြောင့် ခေါင်းကိုသာ ခါခါရမ်းမိသည်။"မနက်စာအဆင်သင့်ဖြစ်နေပြီ..၊ အမူးပြေဟင်းရည်လည်းလုပ်ထားပေးတယ်.. ဘာလို့မထွက်လာတာလဲ၊ နေမကောင်းလို့လား.. ငါဝင်ခဲ့_"
ဗာနွန့်ရဲ့စကားပင်မဆုံးသေး
ဆွန်းဂွမ်ချက်ချင်းပင် တံခါးနားသွားလိုက်ကာ
တံခါးကို ဖွင့်မရအောင် ဆွဲထားလိုက်သည်။
သူတို့နှစ်ယောက်က နမ်းခဲ့ကြတာကို
ဘယ်လိုမျက်နှာနဲ့ ဗာနွန့်ကို ကြည့်နိုင်မလဲ။"ရတယ် ရတယ်.. ငါနေကောင်းတယ်၊ အခုထွက်ခဲ့မှာမလို့ ဝင်မလာနဲ့"
တံခါးကိုဆွဲရင်းနှင့်ပင်
လှမ်းအော်လိုက်တော့ ဗာနွန်က ပြန်ထွက်သွားသည်။
ဗာနွန်ထွက်သွားမှသာ ဆွန်းဂွမ်သက်ပြင်းဖွဖွချရင်း
ဆံပင်တွေကို လက်နှင့်ထိုးဖွလိုက်မိသည်။
![](https://img.wattpad.com/cover/369296174-288-k108327.jpg)
YOU ARE READING
𝖶hisper of the 𝗁eart
Fanfictionကံတရားရဲ့ စီရင်ရာအတိုင်း မထင်မှတ်ပဲဆုံခဲ့ရတဲ့ ရေစက်တစ်ခုမှာ ငါတို့နှစ်ယောက်ရဲ့ အချစ်တွေ ထပ်တူကျခဲ့ကြတယ်ဆိုရင်ဖြင့်.. •My heart whispers to me that I'm in love with you• Unicode x Zawgyi Written in Burmese //Verkwan Fanfiction//