•1•

668 43 9
                                    

[ Unicode ]

"အိမ်ရှေ့စံ လုပ်ကြံခံလိုက်ရပြီ"

"အိမ်ရှေ့စံ ပျောက်သွားတယ်တဲ့"

စသော စကားတွေဟာ
ဟွမ်းချွန်းမြို့တော်ထဲတွင် ပျံ့နှံ့လို့ နေလျက်ရှိပြီး
လူတွေဟာလည်း အိမ်ရှေ့စံရဲ့ပျောက်ဆုံးမှုကြောင့် ထိန့်လန့်နေကြသည်။

ပို၍ ထိန့်လန့်စရာကောင်းသော အရာမှာ
အိမ်ရှေ့စံကို ပျောက်ဆုံးသွားအောင် လုပ်ကြံခဲ့သူမှာ
မင်းကြီးရဲ့ ပထမဆုံးသားတော် ဖြစ်သည့်
မင်းသားတော် ချွဲဂျွန်ဟွီးဆိုသည့် ကောလဟာလကြောင့်ပင်။

( A/N မွန်းဂျွန်ဟွီး မဟုတ်ပဲ ချွဲဂျွန်ဟွီးဖြစ်သွားရတာကတော့ character ရဲ့နေရာအရမလို့ပါနော် )

မြို့ထဲတွင် ပျံ့နေသည့် ကောလဟာလတွေကြောင့် ပြည်သူတွေရဲ့စကားတွေဟာ ဘုရင်ကြီးဆီသို့ ရောက်လာကြသည်။

"ပြည်သူတွေက မင်းသားတော် ဂျွန်ဟွီးကို လုပ်ကြံသူလို့ ပြောဆိုနေကြပါတယ် မင်းကြီး"

ဟွမ်းချွန်းမြို့တော်ရဲ့ မင်းကြီးဟာ ပုလ္လင်ပေါ်ထိုင်နေသည့် သူ့ရှေ့မှ ခေါင်းကိုငုံ့ကာ သတင်းပေးပို့လာသည့် လူယုံတော်၏ စကားကြောင့် အနည်းငယ် တွေဝေသွားသည်။

"အဲ့ဒီတော့.."

"သူတို့က မင်းသားတော်ကို အပြစ်ခံစေချင်နေကြပါတယ် မင်းကြီး၊ အခုလည်း နန်းတော်ရဲ့ရှေ့မှာ အကုန်လုံးက မင်းသားတော်ကို ထိန်းချုပ်ပေးဖို့တောင်းဆိုနေကြပါတယ်.."

"ဂျွန်ဟွီးကို ငါ့ဆီခေါ်လာခဲ့"

မင်းကြီးရဲ့ အမိန့်ပေးသံနောက် လူယုံတော်ဟာ အရိုအသေပေးကာ ထွက်သွားပြီးနောက်
ခဏအကြာတွင် မင်းသားတော် ဂျွန်ဟွီးဟာ
ဝင်လာခဲ့သည်။

"ကျနော်မျိုးရောက်ပါပြီ ခမည်းတော်.."

မင်းသားတော်ဟာ နိုင်ငံ၏ တော်ဝင်မျိုးနွယ်ဆိုသည့်တိုင် တော်ဝင်ပိုးဖဲဖြင့်လုပ်ထားသည့်
အပြာရောင် ကိုရီးယားရိုးရာ ဝတ်စုံကိုဝတ်ထားခဲ့ပြီး
အနက်ရောင် ဆံပင်ရှည်များကိုလည်း သပ်သပ်ရပ်ရပ် တစ်ဝက်ခွဲခါ စီးနှောင်ထားသည်။

𝖶hisper of the 𝗁eartWhere stories live. Discover now