•13•

96 18 10
                                    

[ Unicode ]

မီးခိုးရောင်သန်းနေသည့် ကောင်းကင်ဟာ
ပတ်ဝန်းကျင်ကို မှောင်စေသည်။
လက်တစ်ဖက်ကြိုးကိုထိန်းကိုင်ရင်း တစ်ဖက်ကလည်း မီးအိမ်ကိုကိုင်ကာ
မြင်းဖြူကို စီးနင်းလာသူဟာ အနက်ရောင်အဝတ်စဖြင့်မျက်နှာကိုကာကွယ်ထားသည့်အပြင် ခမောက်အကြီးကြီးကိုလည်းစောင်းထားသေးသည်။

တိတ်ဆိတ်နေသည့် လမ်းပေါ်တွင်
ဖြတ်သွားဖြတ်လာ တစ်ယောက်မှမရှိသလို
ဘေးဘက်တွင် ရှိနေသည့် အိမ်တွေဆိုင်တွေဟာလည်း အမှောင်ချထားဆဲ။
သန်းခေါင်ကျော်ကျော်လောက်ပဲ ရှိသေးသည်ဖြစ်၍ ကောင်းကင်ဟာ မှောင်နေတုန်း။
လူတွေလည်း အိပ်နေကြတုန်းပဲထင်ပါသည်။

ပြေးလွှားနေသည့် မြင်းဖြူလေးကို
အိမ်လေးတစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။

"ယောင်း.. မောနေပြီလား"

မြင်းဖြူလေးကို ငုံ့ကြည့်ရင်း
ပွတ်သပ်ပေးကာ ပြောတော့ ယောင်းဟာ တဟီးဟီးနှင့် နားလည်သလိုပြန်ဆိုသည်။
ယောင်း ဆိုသည်မှာ မြင်းဖြူလေး၏ နာမည်ဖြစ်ပြီး ဗာနွန်ကိုယ်တိုင် ပေးထားတာဖြစ်သည်။

ထို့နောက် သူခဏတာ အခြေချခဲ့သည့်
အိမ်လေးကို လှည့်ကြည့်မိသည်။
အိမ်လေးဟာ အရင်အတိုင်း ပြောင်းလဲသွားခြင်းမရှိခြင်းဟာ အမှတ်တရတွေကိုပင် တိုက်ရိုက်ပြန်မြင်ယောင်လာစေသည်။

အိမ်ရှေ့ရှိ ကုတင်ကြီးပေါ်တွင်
အတူတူထိုင်ရင်း ဆန်မုန့်အတူတူ လုပ်ခဲ့ကြတာတွေ။
အတူတူလှဲအိပ်ရင်း ကြယ်တွေကို အကြောင်းမရှိ ရေတွက်ခဲ့ကြတာတွေ။

အမှတ်တရတစ်ခုချင်းဆီတိုင်းဟာ ဗာနွန့် အတွေးထဲတွင် ထင်ကျန်နေဆဲဖြစ်ပြီး
ဘယ်‌ေတာ့မှ ပျောက်ကွယ်သွားလိမ့်နိုင်မည်လို့လည်း မထင်ပါ။
ထိုသူနှင့် အချုပ်အနှောင် အဆင့်အတန်းတွေ မရှိပဲ လွတ်လွတ်လပ်လပ်နေနိုင်ခဲ့တဲ့အချိန်တွေကိုပေါ့။

တစ်ညလုံး ခရီးနှင်လာရသည်ဖြစ်၍
ယောင်းကို ခဏတာအနားပေးရင် အိမ်ကိုကြည့်နေမိတုန်း ဝါညင့်ညင့်ရောင် မီးဟာ အိမ်လေးထဲတွင် လင်းလာခဲ့သည်။
ကောင်းကင်ဟာလည်း မီးခိုးရောင်ကနေ အနည်းငယ်အရောင်ပြောင်းနေပြီဖြစ်သည်။
မနက်စောစော ၄နာရီလောက်ဆို ထတတ်သည့် အမေ့အကြောင်းကို သိသည်မလို့ ဗာနွန်ပြန်ထွက်သွားဖို့သာ ပြင်လိုက်သည်။

𝖶hisper of the 𝗁eartWhere stories live. Discover now