•2•

242 38 8
                                    

•2•

[ Unicode ]

"ဟျောင်း!! ကျနော်နဲ့လိုက်ခဲ့"

ပုံစံလှလှလေး ပုံဖော်ထားသည့် ခွက်လေးတွေကို အကြည့်ရောက်နေတုန်း လက်ကို အတင်းဆွဲကာ ခေါ်သွားသည့် မင်ဂယူနောက် ဝေါန်နူးအပြေးလေးပါသွားရသည်။

ရောက်သွားသည့်နေရာတွင် လူတွေဟာ စုပြုံအောင်ရှိနေကြပြီး နှစ်ယောက်သား လူတွေကြားထဲတိုးဝင်ခဲ့ကြတော့ တွေးလိုက်ရသည့် အရာကြောင့် ဝေါန်နူးချက်ချင်းအပြေးသွားလိုက်သည်။

"ဟန်ဂျောင်ဟို!! တော်တော့"

ကြမ်းပြင်ပေါ်မှာ လဲနေသည့် ဗာနွန့်ရှေ့ကာ ကာ ထိုသူကိုပြောလိုက်တော့ စိတ်တိုတွေနဲ့မျက်ဝန်းတွေနဲ့မော့ကြည့်လာသည်။
သို့သော် သူ့ကိုမြင်သည့်အချိန်တွင်တော့
ထိုမျက်ဝန်းတွေဟာ ချက်ချင်းပင်ပြောင်းလဲသွားတော့သည်။

"သူက ငါသိတဲ့သူပဲ.. အနိုင်မကျင့်နဲ့"

မျက်နှာတင်းတင်းထားကာ ဒေါသသံဖြင့် ခပ်မာမာ ပြောလိုက်တော့ ဘေးကသုံးယောက်ကို အချက်ပြကာ မြင်းပေါ်ကို တက်ကာထွက်သွားကြသည်။

ဆွန်းဂွမ်လာထူတာကြောင့် မတ်တက်ရပ်နေရင်း
မြင်းနှင့်ထွက်သွားသည့်ကောင်ဟာ ဗာနွန့်ကို ခပ်စူးစူးစိုက်ကြည့်သွားသေးသည်။

"ဗာနွန်နာ.. ဟင့်.. ငါကတောင်းပန်လိုက်လို့ပြောခဲ့တယ်မလား"

ရှိုက်သံလေးတွေ တစ်ချက်တစ်ချက်ထွက်နေရင်း မျက်ရည်တွေကို သုတ်ကာ ဆွန်းဂွမ်ကပြောလာသည်။

သူ့ကြောင့်နှင့် ဝမ်းနည်းကာ
တအင့်အင့်ရှိုက်ရင်း မျက်နှာမှ ဒဏ်ရာတွေကိုလာထိသည့် ဆွန်းဂွမ်ဟာ နူးညံ့စွာ။

ထိုးတက်လာသည့် ရင်ခုန်သံနှင့်အတူ
နွေးထွေးသွားသည့် နှလုံးသားဟာ
ဘာကြောင့်များပါလဲ။

"အဆင်ပြေရဲ့လား ဗာနွန်"

"ဟုတ်.. ကျေးဇူးတင်ပါတယ်"

ဦးညွှတ်ကာ ကျေးဇူးတင်လိုက်တော့ ဝေါန်နူးဟာ 'ရပါတယ်' ဟုအဓိပ္ပာယ်ပေါ်လွင်သည့် အပြုံးဖြင့် ပြုံးပြလာကာ ဒဏ်ရာတွေကို ဆေးထည့်ဖို့ ပြောသည်။
ဘေးက မင်ဂယူဟာလည်း ဆွန်းဂွမ်ကိုနှစ်သိမ့်ပေးရင်း ဗာနွန့်ကိုလည်း စိတ်ပူနေသည့်မျက်နှာဖြင့် ကြည့်နေသေးသည်။

𝖶hisper of the 𝗁eartWhere stories live. Discover now