•9•

201 28 11
                                    

[ Unicode ]

စိမ်းစိုနေတဲ့ သစ်ပင်တွေ
ရေအိုင်လေးတွေနှင့် ရေတံခွန်သေးသေးလေးတွေဟာ စိတ်ကိုကြည်လင်စေသည်။
မြင်းဖြူကို စီးနင်းနေသူဟာ
အညိုရောင်မျက်ဝန်းတွေကို သစ်တောအတွင်း ဖြန့်ကျက်လို့ထားသည်။

"..."

သစ်ရွက်ခြောက်တွေအပေါ် နင်းခြေလိုက်ပုံပေါ်သည့် ခြေသံခပ်တိုးတိုးဟာ
လှုပ်ရှားနေသည့် မြင်းတွေကိုရပ်တန့်သွားစေသည်။

အိမ်ရှေ့စံတစ်ဖြစ်လည်း
မြင်းဖြူပေါ်မှ ဟန်ဆိုလ်းဟာ
အသံကို အာရုံစိုက်နားထောင်နေသလို
စစ်သူကြီး ဆွန်းချောလ်နှင့် ကိုယ်ရံတော်တွေဟာလည်း အရှင်ကို ကာကွယ်ဖို့ အသင့်ဖြစ်နေကြသည်။

သို့သော် ခဏတာသာ ကြားလိုက်ရသည့်
ခြေသံတွေဟာ သူတို့တွေသတိထားမိသွားကတည်းက
ထပ်၍ မကြားရတော့ပေ။

အခြေအနေကို နားလည်လိုက်တဲ့
ဟန်ဆိုးလ်အနေနဲ့ အနောက်ဘက်မှ စစ်သူကြီးရှိရာကို လှည့်ကြည့်လိုက်သည်။

"လမ်းခွဲပြီး သွားကြရအောင်"

"မဖြစ်ပါဘူး အရှင့်သား.. ကျနော်တို့က အရှင့်သားကို ကာကွယ်ပေးဖို့ပါ"

မြင်းအနက်ရောင်ပေါ်မှ စစ်သူကြီးကိုပြောလိုက်သော်လည်း
ချက်ချင်းပင် ငြင်းဆိုလာသည့်ကြောင့် ဟန်ဆိုးလ်မျက်ခုံးတန်းပြေပြေတွေဟာ တွန့်ချိုးသွားရသည်။

"ကိုယ်တော့်အရည်အချင်းကို မယုံတာလား.. စစ်သူကြီးချွဲ.."

"မ..မဟုတ်ရပါဘူး"

သူ့စကားနောက် ခေါင်းငုံ့ကာ ပြန်ဖြေလာသည့် စစ်သူကြီးဟာ ဟန်ဆိုးလ်ထက် အသက်ကြီးသူလည်းဖြစ်သည်ကြောင့်
မရိုမသေမလုပ်ချင်ပေ။

ထို့ကြောင့် အသေအချာ နားချပြီး
ကိုယ်ရံတော်ချန်းနှင့်နှစ်ယောက် စစ်သူကြီးတို့နှင့် လမ်းခွဲလိုက်ကြသည်။

"သတိထားမိလား.. ချန်း"

"ဟုတ်.. ကျနော်တို့နောက် တစ်ယောက်ယောက်လိုက်လာပုံပါပဲ"

ချန်းလည်း သတိထားမိသလို
သူကိုယ်တိုင်လည်း သစ်တောအလယ်လောက်ရောက်ကတည်းက ကြားနေရတဲ့
ခြေသံတွေကို သတိထားသွားနေရသည်။

𝖶hisper of the 𝗁eartWhere stories live. Discover now