~ အကြိမ်ကြိမ် ~

223 34 16
                                    

❗️Warning ❗️

အနည်းငယ် သတိပေးပါတယ် ...

ဝွန်ဘင်းက ဟိုတယ်ကိုပြန်ရောက်တော့ အဝတ်အစားတွေလဲပြီး အိပ်ရာပေါ် ခဏလှဲအိပ်လိုက်မိသည် ... အလုပ်တစ်ခုပြီးသွားပြီး ညက အိပ်ရေးပျက်သည့်အရှိန်နှင့် အချိန်နည်းနည်းကြာ အိပ်မိသွားသည် ... ပြန်နိုးလာတော့ အပြင်ထွက်ဖို့ အချိန်နည်းနည်းလိုနေတာနဲ့ လက်ပ်တော့ဖွင့်ပြီး လာမယ့် ဂျပန်ရှိုးပွဲအတွက် လိုအပ်တာတွေ ထပ်စစ်နေလိုက်သည် ...

'' အ .. ဦးနှောက်ကလည်း မေ့တာ ´´
ဝွန်ဘင်းက ရေရွတ်လိုက်ပြီး ...
'' ဟဲလို .. ငါ့ကို လူတစ်ယောက်အကြောင်း စုံစမ်းပေးစမ်းပါ .. ငါ့မှာ အင်စတာဂရမ်အကောင့်တော့ရှိတယ် .. ပုံတွေအဲ့ကကြည့်လိုက် ´´
'' ဟုတ်ကဲ့ .. ကြည့်ပြီး ရှာလိုက်ပါ့မယ် ´´
'' ငါ့အစ်ကိုမသိစေနဲ့နော် .. ဘယ်သူ့မှလဲ မပြောနဲ့ ´´
'' ဟုတ်ကဲ့ သခင်လေး .. ´´

ဝွန်ဘင်းက ဖုန်းချပြီးနောက် စုံစမ်းဖို့အတွက် ဆောင်းချန်ရဲ့ အကောင့်နဲ့ မြင်ဖူးခဲ့သည့် ပုံစံအနေအထားများကို လိုလိုမယ််ယ် တစ်ခါတည်းထည့်ပို့လိုက်ကာ ထပ်ပြီး စာရေးပို့ရသည် ..
'' ငါ့အစ်ကို လုံးဝသိလို့မရဘူး ´´
ဝွန်ဘင်းက ပထမဆုံးအကြိမ် လူတစ်ယောက်ရဲ့ အကြောင်းရှာဖွေရမှုအတွက် အနည်းငယ် စိတ်လှုပ်ရှားသလို ရှိနေသည် ...

အရင်က တစ်ယောက်ယောက်နှင့် ငြိမိရင် တောင် နီးစပ်ရာအသိုင်းအဝိုင်းကို တီးခေါက်လျှင် အဖြေက ထွက်လေ့ရှိပြီး အခုကတော့ လုံးဝ မမြင်ဖူး မသိဖူးတဲ့အပြင် ဆက်စပ်မှုရှိမနေ၍ နယ်ကျော်စုံစမ်းမှု ..စေ့စပ်ပြီး ပါးနပ်လွန်းသည့် အစ်ကိုသိလျှင်လည်း မလိုအပ်ဘဲ ရှုပ်ကုန်မည်စိုး၍ အယုံကြည်ရဆုံး အစောင့်အရှောက်တစ်ယောက်ကို ခိုင်းရလေသည် ..

အလုပ်လုပ်သည့်နေရာတိုင်း .. ပြည်တွင်းမှာသာမက ပြည်ပထွက်ခွာချိန်တိုင်းတွင် ဝွန်ဘင်းနှင့် မနီးမဝေးအရပ်မှာ စောင့်ကြည့်ပေးသူများရှိလေသည် .. ဒါလည်း အိမ်ကအစ်ကိုရဲ့ လက်ချက်ပင် ... ဝွန်ဘင်းက မျက်စိတွေလွတ်အောင် ရှောင်ဖယ်နေပေမယ့် တစ်ခါတစ်လေတော့ နည်းနည်း မွန်းကြပ်သည့်တိုင် အစ်ကို့ကို မလွန်ဆန်ချင်၍ လျှော်နေရသည် ..

Dear Pain ( Completed ) Where stories live. Discover now