အပိုင်း(2)uni-zaw

764 37 3
                                    

💞နှလုံးသားနဲ့ရင်း၍💞 (2)

"အန်တီရေ အန်တီ!"

ဒီနေ့က ဥပုသ်နေ့ မို့  မြတ်လေးငုံ အန်တီမာလာတို့ဆီလာခဲ့တာဖြစ်သည် အခုက ၀ါတွင်းကာလ မို့ စနေ
တနဂ်နွေ ကျောင်းတက်ရပြီး ဥုပုသ်နေ့ တစ်ရက်သာပိတ်၏ အန်တီတို့အိမ်နဲ့က ကြားမှာ၂အိမ်လောက်သာခြားတာမို့ မြတ်လေး​လမ်းလျှောက်၍သာလာကာ

  မြတ်လေး မာမီထည့်ပေးလိုက်သောအုန်းနို့ခေါက်ဆွဲချိတ်လေးပါ ကိုင်လာခဲ့၏ ခြံတံခါးပိတ်ထားတာမို့အပြင်ကနေလှမ်းခေါ်နေလိုက်၏

"ရှင့် သမီးမြတ်လေးလားကွယ် အဟွင်း လာလာ !"

ဒေါ်မာလာထက်ခြံထဲဆင်းကာအလုပ်ကိစ္စနဲ့ဖုန်ပြောနေရင်းခေါ်သံကြားတာမို့ ခြံတံခါးဆီအကြည့်ရောက်သွားရသည်ည် မြတ်လေးငုံတဲ့သားနဲ့ရွယ်တူအတန်းတူဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းမျိုးမြတ်ရဲ့သမီးလေးပါ
မန္တလေးမှာတုန်းကဖုန်းမကြာမကြာခေါ်ပြီးသတင်းမေးတဲ့အဆင့့်လောက်သာရှိခဲ့ပေမဲ့ ကံကြောင်းတိုက်ဆိုင်တော့
မျိုးမြတ်နဲ့တစ်ရပ်ကွက်တည်း ပြန်ဆုံကြလေ၏
ဒေါ်မာလာထက် ခြံတံခါးအမြန်သွားဖွင့်ပေးလိုက်၏

"ဘယ်သူများလဲလို့ကွယ် သမီးလေး !"

"ဟုတ်အန်တီ ဒီမှာလေ မာမီထည့့်ပေးလိုက်တဲ့အုန်းနို့ခေါက်ဆွဲလာပို့တာပါ!"

"ဟယ် ဟုတ်လား ကျေးဇူးပါတော် မျိုးမြတ်လက်ရာလေးစားအုံးမှ  သမီးမာမီကလေ အရင်င်ကတည်းကအချက်အပြုတ်ဆိုသိပ်ကျွမ်းကျင်တာ  ကျောင်းတုန်းကအဆောင်မှာအတူနေတုန်းကဆို အန်တီတို့က သူချက်ပေးတာပဲ ဒိုင်ခံစားလာတာသိလား!!"

"ဟွင်း ဟုတ်လားအန်တီ!"

" ဒါပေါ့ သမီးကော သမီးအမေဆီကဟင်းချက်နည်းတွေသင်ထားသေးလား အန်တီကတော့ဟင်းချက်သိပ်မကျွမ်းဘူးကွယ် အဟင်း!"

"ဟုတ် သမီးနဲနဲပါးပါးချက်တတ်ပါတယ်!"

"တော်လိုက်တာ  သမီးကရုပ်ကလေးကလည်းချစ်စရာလေး မျိုးမြတ်နဲ့တူတယ်ကြည့်အရပ်လည်းရှည်တယ်!!"

အန်တီနဲ့နှစ်ယောက်သားခြံထဲ၀င်လာရင်းအန်တီကချီးကျူးတော့ မြတ်လေးငုံ မနေတတ်စွာ လည်ပင်းပွတ်လိုက်ကာ အန်တီ့ကိုရှက်ပြုံးလေးပြုံးပြလိုက်ကာ

     💞နှလုံးသားနဲ့ရင်း၍💞Tempat cerita menjadi hidup. Temukan sekarang