💞နှလုံးသားနဲ့ရင်း၍💞 (13)
ဘာလိုလိုနဲ့ကျောင်းပြန်တက်ရတာ နှစ်တစ်၀က်နီးပါးရှိသွားခဲ့ပြီဖြစ်ပြီး သိမ့်အတွက်တော့ မနှစ်ကကျောင်းတက်တာလောက်တော့ပျော်စရာကောင်းမနေခဲ့ မောင်မရှိတာလည်းပါမည်
သိမ့်ရယ် အေမီနဲ့၀ါ၀ါက စာသင်၀ိုင်းတစ်ခုမှာအတူတူ၀င်တက်ရကာ ဖေကြီးကသိမ့်အား guideလုပ်မဲ့ဆရာမတစ်ဦးငှားပေးထားလေ၏
သိမ့် မနှစ်ကထက်တော့စာပို၍လုပ်ဖြစ်လေ၏
မောင်နဲ့ကျတော့လည်း အပတ်တိုင်းဖုန်းပြောဖြစ်ကြပြီး တစ်ခါတစ်လေမောင့်ဆီမှစာလာသလို သိမ့်ဆီမှလည်းစာပြန်ရေးဖြစ်တာပင်
အပတ်တိုင်းမဟုတ်ပေမဲ့ မောင်နဲ့တော့ဆုံဖြစ်လေ၏ မောင်ကတစ်ခါတစ်လေဆို ကျောင်းကိုရောက်လာတတ်ပြီး သိမ့်လည်းမောင်လာတဲ့နေ့ဆို ကျောင်းခိုးဆင်းဖြစ်လေ၏
ခုချိန်ထိတော့မောင်နဲ့သိမ့်ရဲ့ချစ်ခြင်းတွေကတည်မြဲနေသလို မောင့်ဘက်မှလည်းသစ္စာစောင့်ကာ သိမ့်တို့နှစ်ယောက်ယုံကြည်မှုနဲ့အတူရှေ့ဆက်ကြလေ၏ မောင်ကမနှစ်ကထက်ပိုပို၍ကြည့်ကောင်းလာပြီးအရပ်ပိုရှည်သွားကာ သိမ့်ဆိုမောင့်လည်ပင်းနားလောက်ပဲ ပုကျန်ခဲ့လေ၏ဟိုတလောမောင်ရောက်လာတုန်းက သိမ့်တို့ တစ်နှစ်ပြည့်နှစ်ပတ်လည်အတွက် မောင့်ဆီမှလက်ဆောင်၀ယ်ပေးထားသော နာရီကလေးအား
သိမ့်အမြဲတမ်း၀တ်ဖြစ်ကာ မောင့်တွင်လည်းသိမ့်နဲ့ဆင်တူနာရီပင် ...
Facebookတွင်ဆိုလည်း မောင်နဲ့သိမ့်လက်ချင်း
ချိတ်ထားသောပုံအား coverအတူတူတင်ထားကြပြီး Relationshipပါချိတ်ထားကြတာပင် ...သိမ့် နေ့ခင်းဘက် ကျောင်းအားလပ်ချိန်တွင် ကျောင်းစာကြည့်တိုက်ဆီရောက်နေကာ
မောင့်ဆီကို ပြန်စာရေးဖို့တွေးထားတာကြောင့်
ဒိုင်ယာရီစာအုပ်လေးအားထုတ်ကာ စာရေးလိုက်၏ ..."တို့ ထိုင်မယ်နော် !"
ရုတ်တရက်သိမ့်ရှေ့ရောက်လာတာကြောင့် သိမ့်အပေါ်မော့ကာကြည့်လိုက်တော့ ထက်ချယ်ရီနဲ့လင်းလက်ဖွေးက သိမ့်ရှေ့က ခုံတန်းမှာ၀င်ထိုင်လိုက်သည် သိပ္ပံဆောင်မှဖြစ်ကြပြီး အထူးသဖြင့်ထက်ချယ်ရီကရီးစားပွေရှုပ်ကာ ကောင်လေးတွေအများအပြားတွဲတဲ့သူမျိုးပါ လင်းလက်ထက် ဆိုသည်မှာလည်း
အ၀တ်အစားကိုခေတ်ဆန်၀တ်တတ်သူဖြစ်ပြီး အဖြူအစိမ်းကိုပင် ကြယ်သီးတွေနဲ့နောက်ကွဲဘေးကွဲ လည်ဟိုက်တို့၀တ်သူဖြစ်၏
သူတို့နှစ်ယောက်လုံးကကောင်လေးပွေရှုပ်တာ
ကြောင့်ကျောင်းမှာဆိုနာမည်ကြီးလေ၏
YOU ARE READING
💞နှလုံးသားနဲ့ရင်း၍💞
Non-Fiction💗နှလုံးသားနဲ့ရင်း၍💗 "ငါကနင့်ရဲ့ဘာလဲ သိမ့် ဘယ်လိုနေရာမှာနင့်အတွက်ငါဆိုတဲ့ကောင်ကအသုံး၀င်လဲ!" "ငါသ၀န်တိုတယ် သူရိန် နင်နဲ့မြတ်လေးက ဘာတွေလဲ!" "အင်း သူကငါ့လက်ထပ်ယူမဲ့မိန်းမ!" "အော်!!" "ငါတို့ရဲ့ပတ်သက်မှုကိုဘာလို့သတ်မှတ်မလဲ သိမ့်!"